အနုပညာခရီးလမ်းအတွက် ခက်ခဲကြမ်းတမ်းတဲ့ ဘဝအချိုးအကွေ့တွေကိုရင်ဆိုင် ကျော်ဖြတ်ကာ နေရာတစ်နေရာရရှိအောင်ကြိုးစားခဲ့သူကတော့ မျိုးကိုကိုစန်းဆိုတဲ့ သူမပါပဲ။ Miss International Queen Myanmar 2014 ဆုကို ထိုက်တန်စွာရရှိခဲ့သူ တစ်ယောက် လည်း ဖြစ်ပါတယ်။
သူမကို ဒီနေ့တော့ ကြွေလောက်တဲ့ ပင်ကိုသဘာဝအလှနဲ့ မြင်တွေ့လိုက်ရပါတယ်။ ဒီလိုမျက်နှာပြောင်နဲ့ဆိုရင်ရော ချစ်မှာလားတဲ့ ပရိသတ်ကြီးရေ ။



သူထက်ငါ ခန္ဓာကိုယ်အလှပြနေကြတဲ့ လောကကြီးမှာ သူမတစ်ယောက်ကတော့ လုံခြုံစွာဝတ်ဆင်လို့နေပါတယ်။ မကြာသေးခင်ကမှ ခွဲစိတ်ကာ မိန်းမတစ်ယောက်အဖြစ် ခံယူထားတဲ့အပေါ် ပိုပြီးတော့ယုံကြည်မှုများပိုရှိလာကာ မိန်းမသားတစ်ယောက်အဖြစ် တဖန်ပြန်လည်မွေးဖွားခဲ့တဲ့အပေါ် ကျေနပ်ကာ အရာအားလုံံးကိုကြိုးစားကာ ပြင်ဆင်နေထိုင်သွားမှာလို့ ဆိုပါတယ်။



သူမကို မိန်းမ ခန္ဓာကိုယ်လိုမျိုး အချိုးအဆစ်မရှိဘူးလို့ ဝေဖန်မှုတွေကိုတော့ ခွဲစိတ်တာမျိုးတွေလုပ် သွားဖို့လဲ မရှိပါဘူး၊ ပြုပြင်တာတွေက ရေရှည်မှာဆိုး ကျိုးများလဲရှိနိုင်တာကြောင့် သူမအနေနဲ့ ဒီတိုင်းလေးသာ ပြင်ဆင်နေထိုင်သွားမှာလို့ ဆိုခဲ့ပါသေးတယ်။
ဒါကြောင့် သူမရဲ့လတ်တလောပုံရိပ်ကလေးများကို ဒီနေ့ရဲ့ Myanmar Load ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
Source – Myo Ko Ko San FB



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။