Home and Away ရုပ်မြင်သံကြားဇာတ်လမ်းတွဲနဲ့ နာမည်ကြီးတဲ့ သြစတေးလျမင်းသမီး Jessica Falkholt ဟာ ဇန်နဝါရီလ(၁၇)ရက်နေ့ မနက်မှာ အားလုံးကို အပြီးတိုင် နှှုတ်ဆက်သွားပြီဖြစ်ပါတယ်။ သူမသေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ကြတဲ့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေဟာ ၀မ်းနည်းကြောင်းစာတွေရေးသားခဲ့ကြပါတယ်။

လှပတဲ့မင်းသမီးချော ဂျက်စီကာ ဟာ ဒီဇင်ဘာလ(၂၇)ရက်နေ့ထဲက ကားအက်စီးဒန့်နဲ့ ဆေးရုံတင်ထားရပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ဒီနေ့မှာ သေဆုံးသွားပြြီဖစ်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

သူမတို့မိသားစုအတူစီးလာတဲ့ ကားမှာ သူမရဲ့ မိဘတွေနဲ့ ညီမလေးလည်း ပါ၀င်ပြီး မိဘတွေက အခင်းဖြစ် နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမရဲ့ ညီမလေးကွယ်လွန်သွားပြီး သူမကတော့ ဆေးရုံမှာ ကိုမာဖြစ်နေရင်း ဒီနေ့မှာ အသက်မရှိတော့တာပါ။

အသက်(၂၉)နှစ်အရွယ် ဂျက်စီကာဟာ ရုပ်ရှင်အဖွဲ့သားတွေအားလုံး နဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက်တော့ လေးစားချစ်ခင်ရတဲ့ သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူမကွယ်လွန်သွားတဲ့သတင်းကြားကြားချင်းမှာ သြစတေးလျရဲ့ ရုပ်သံထုတ်လွှင့်သူဟာ သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

ကားတိုက်မှုဖြစ်ပြီးထဲက St George ဆေးရုံမှာ တက်နေရတဲ့ သူမဟာ အတိတ်မေ့ကာ ဦးနှောက်သေသွားခဲ့တာဖြစ်ပြီး ကျန်ရစ်တဲ့ သူမရဲ့ ဆွေမျိုးသားချင်းတွေက ကုသမှုခံယူနေတဲ့အချိန်တိုင်းမှာ အချိန်မပြတ် လူနာစောင့်လုပ်ပေးခဲ့ကြပါတယ်။ အသက်(၆၉)နှစ်အရွယ် သူမရဲ့အဖေဖြစ်သူ Dad Lars နဲ့ အသက်(၆၀)အရွယ် အမေဖြစ်သူ Vivian တို့ဟာ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။သူမတို့မိသားစုရဲ့ ကားနဲ့ တိုက်မိတဲ့ ဆန့်ကျင်ဘက်ကားကိုမောင်းသူဟာ ဆေးသုံးထားသူဖြစ်တယ်လို့ သိရပါတယ်။ 

သူမရဲ့ညီမလေးဖြစ်တဲ့ အသက်(၂၁)နှစ်အရွယ် အန်နာဘယ်လီ ကတော့ ဆစ်ဒနီမြို့က လီဗာပူး ဆေးရုံမှာ ဒဏ်ရာအပြင်းအထန်ရပြီး ကွယ်လွန်သွားခဲ့ပါတယ်။

မိသားစုလိုက် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရတဲ့ ဂျက်စီကာ တို့မိသားစုအတွက် ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာအနားယူနိုင်ပါစေလို့ ပဲ လူတိုင်းကဆုတောင်းပေးနေကြပါတယ်။

သူမရဲ့ အနုပညာဖန်တီးမှုဇာတ်ကားတွေကိုတော့ သြစတေးလျပရိသတ်တွေလွမ်းနေကြတော့မှာပါ။  

Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။