ဖွေးစိန်လေးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ ကမ်းခြေကို ရောက်နေတယ်လို့ သိရပါတယ်..။

သူမရဲ့ လှုပ်ရှားမှုလေးတွေကို Fan တွေကို အမြဲ အသိပေး ပြောပြတတ်တဲ့ ဖွေးစိန်လေးကတော့ အခုတစ်ခေါက်မှာလည်း သူမကမ်းခြေရောက်နေတဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်..။

ကမ်းခြေကို ရိုက်ကူးရေးနဲ့ ရောက်ရှိနေတာ ဖြစ်ပြီး သူမကတော့ ကလေးတစ်ယောက်လို ပျော်ရွှင်နေတာ တွေ့ရပါတယ်..။

သူမ ကမ်းခြေကို ရောက်နေတဲ့အကြောင်းကို ဖွေးစိန်းလေးက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံလေးတွေတင်ပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

အမြဲ ချစ်စရာကောင်းနေတဲ့ သူမကတော့ ကမ်းခြေမှာ ရေကစားရင်း ကလေးတစ်ယောက်လို လွတ်လပ်စွာ ပျော်ရွှင်နေပုံကလည်း စိတ်ချမ်းမြေ့စရာလေးပါပဲ..။

သူမရဲ့ ချစ်စရာ ဟန်ပန်အမူအရာလေးတွေ ပွင့်လင်းမှုတွေနဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေကတော့ အချစ်ပိုနေရဆဲပါပဲ..။

ပြည်သူ့အချစ်တော် မင်းသမီးချောလေး ဖွေးစိန်းကတော့ ယောင်္ကျားလေး ပရိသတ်တွေအပြင် မိန်းကလေး ပရိသတ်တွေကိုပါ အခိုင်အမာရရှိထားတဲ့ ပရိသတ်ချစ် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်..။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားသလို ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး အခမ်းအနားပွဲများ တတ်ရောက်ခြင်း၊ မဂ္ဂဇင်း ဓာတ်ပုံကြော်ငြာများလည်း ရိုက်ကူးနေကာ မကြာခင်ရုံတင်ပြသတော့မယ့် “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

Source - ဖွေးဖွေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။