လက်တလောမှာတော့ ဟာသသရုပ်ဆောင် အာင်ရဲထွေး သေဆုံးမှုသတင်းဟာ ပရိသတ်တွေကြား အရမ်းကို ဂယက်ထနေတဲ့ သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ပရိသတ်တွေ အားလုံး စိတ်မကောင်းခြင်း များစွာနဲ့နှုတ်ဆက် လိုက်ရပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲကတော့ ဟိုးအရင်က အတိုင်းသူရဲ့ ဟာသဗီဒီယိုလေးတွေကြည့်ပြီး ရယ်မောချင်နေကြမယ် လို့ယုံကြည်ပါတယ်။ယခုလက်ရှိ အချိန်မှာ အောင်ရဲထွေးသေဆုံးသွား ပေမယ့်လည်း သူရဲ့ဗီဒီယိုအသစ်လေးတွေ ဆက်လက် ကြည့်ခွင့်ရအုန်း မယ်ဆိုရင် ကြည့်ချင်ကြရဲ့ လားပရိသတ်ကြီး။

လက်ရှိမှာ ပရိသတ်တွေ တစ်ခါမှမကြည့်ရသေးသလို Onlineပေါ်မှာလည်း မတင်ရသေးတဲ့ အောင်ရဲထွေးရဲ့ ဗီဒီယိုအသစ်လေးတွေ ကြည့်ရတော့ မှာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ ဗီဒီယို အသစ်လေး တစ်ခုကို အောင်ရဲထွေးအကိုုဖြစ်သူနေဇင်လတ်ရဲ့ လူမှုကွန်ယက်ကနေ မျှဝေပေးလိုက် တာပဲဖြစ်ပါတယ်။နောက်ထပ် ဗီဒီယို အသစ်လေးတွေ ကိုလည်း ပရိသတ်တွေ အတွက် ဆက်လက်မျှဝေပေး သွားမှာပါလို့ အသိပေးခဲ့ပါတယ်။ 

ပရိသတ်တွေ ရင်ထဲမှာတော့ ဝမ်းသာဝမ်းနည်း ဆိုတဲ့ခံစားမှုမျိုးကို ခံစားနေရမယ် ထင်ပါတယ်။အကိုဖြစ်သူတင်ပေးခဲ့တဲ့ ဗီဒီယိုလေးက ဟာသလေးဖြစ်ပေမယ့် ပရိသတ်တွေရင်ထဲမှာတော့ စိတ်မကောင်းဖြစ်မှုတွေ စိုးမိုးထားတာကြောင့် ဝမ်းနည်းနေကြရ တာပဲဖြစ်ပါတယ်။ အခုလို ချစ်ပရိသတ်တွေရဲ့ အားပေးမှုတွေကို အဝေးတစ်နေရာကနေ အောင်ရဲထွေးသာမြင်နိုင်မယ်ဆိုရင် တော်တော်လေးကို ကျေနပ်ဝမ်းသာနေမိမှာပါ ပရိသတ်ကြီးရေ။အကိုဖြစ်သူနေဇင်လတ် ဆက်လက်မျှဝေပေးမယ့် ဗီဒီယို အသစ်လေးတွေကိုလည်း အောင်ရဲထွေးရှိစဉ်ကအတိုင်း အားပေးကြမယ် မဟုတ်လား ပရိသတ်ကြီး?။

သတင်းအရင်းအမြစ် - နေဇင်လတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။