အနုပညာလောကရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီလွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးဟာလည်း ပရိသတ်တွေကြား ရေပန်းစားသူတစ်ဦးဖြစ်ပါတယ်။ ပုရိသတွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူမဟာ ပရိသတ်တွေကြား "ခေး" လို့ နာမည်ကြီးသူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိအနုပညာဘက်ကို လျော့ထားပြီး သြစတြေးလျမှာ ပညာသင်ယူနေတဲ့ သူမကတော့ ပရိသတ်ကြီးကို နှစ်သစ်မှာ အံ့အားသင့်အောင် လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကမှ အသက် ၁၉ ပြည့်ခဲ့တဲ့ သူမဟာ ယနေ့ ဇန်နဝါရီလ (၄) ရက်နေ့မှာ မင်္ဂလာဆောင်တော့မှာ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။ သူမရဲ့ မင်္ဂလာဆောင်တော့မယ့်သတင်းဟာကောက်ခါငင်ကာ ပေါ်ထွက်လာတဲ့အတွက်အားလုံးက အံ့အားသင့်ခဲ့ကြရပါတယ်။ မင်္ဂလာသတင်းဟာ အမှန်အကန်ဖြစ်ပေမယ့် လက်ရှိအချိန်ထိ သူတို့ဖက်က ဒီသတင်းနဲ့ပတ်သတ်လို့ မီဒီယာတွေဆီကို ဖွင့်ပြောခြင်းတော့ မရှိသေးတာတွေ့ရပါတယ်။

မင်္ဂလာညစာစားပွဲကို ယနေ့ လွတ်လပ်ရေးနေ့မှာ ကျင်းပမှာဖြစ်ပြီး Melia ဟိုတယ်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယွန်းဝတီလွင်မိုးကတော့ မင်္ဂလာပွဲအတွက် မိတ်ကပ်ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေတာကို သူမရဲ့ Instagram story ကတဆင့် မြင်တွေ့ခဲ့ရပါတယ်။ သူမရဲ့ ဆံပင် မိတ်ကပ်ပိုင်းကိုတော့ နာမည်ကြီး မိတ်ကပ်ပညာရှင် မေဦးက တာဝန်ယူပြုလုပ်ပေးနေတာကိုလည်း သူမရဲ့ story ကတဆင့် တွေ့မြင်ခဲ့ရပါတယ် ပရိသတ်ကြီးရေ....

Source: Yunwlm

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။