ယနေ့ ဇန်နဝါရီလ (၃) ရက်နေ့ကတော့ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးလေး ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ မင်းသမီးလေး အိချောပို ရဲ့မွေးနေ့ဖြစ်ပါတယ်။ အိချောပိုဟာ သူမရဲ့ ပင်ကိုယ်ဟန်သရုပ်ဆောင်စွမ်းရည်နဲ့ လှပတဲ့ကိုယ်ခန္ဓာကြောင့် ပရိသတ်ကြား အထူးရေပန်းစားသူတစ်ဦးလည်း ဖြစ်ပါတယ်။

ယနေ့ကျရောက်တဲ့ သူမရဲ့မွေးနေ့အတွက် သူမရဲ့ We Love Ei Chaw Po အဖွဲ့သားတွေကလည်း သူမအတွက် မွေးနေ့ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ အနုပညာရှင်အများစုကလည်း သူမအတွက် မွေးနေ့ဆုတောင်းစကားဆိုထားပေးကြပြီး ချစ်ရတဲ့ ကိုခန့်စည်သူတစ်ယောက်လည်း အပါအဝင်ပေါ့ ပရိသတ်ကြီးရေ။ ကိုခန့်ကတော့ အိချောအတွက် မွေးနေ့ဆုတောင်းစကားကို သူ့ရဲ့လူမှုစာမျက်နှာမှာ ယခုလို ရေးသားဆုတောင်းပေးထားပါတယ်။ 

"The best is yet to come # 2k18

Happy happy birthday to my lovely chit Ei" ဆိုပြီး မွေးနေ့ဆုတောင်းစကားပါးထားပါတယ်။ ဒါ့အပြင် postcard လေးမှာလည်း ဆုတောင်းစကားဆိုထားပါသေးတယ် ပရိသတ်ကြီးရေ။ ကိုခန့်ရဲ့ post အောက်မှာတော့ မင်းသမီး စံရတီမိုးမြင့်က "Tag လိုက်ပါ" ဆိုပြီး emoji လေးနဲ့ ဝင်နောက်ထားတာကိုလည်း တွေ့ရပါတယ်။ ကဲ ကျွန်တော်တို့ Myanmarload ကလည်း ချစ်ရတဲ့ စူစူတစ်ယောက် မွေးနေ့မှစလို့ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ချစ်ရသူတွေနဲ့ အမြဲနေနိုင်ပါစေ အနုပညာလမ်းကြောင်းမှာလည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်.....

Source: Khant Si Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။