ပရိတ်သတ်တွေကို ဟာသ Video လေးတွေနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့တဲ့ Facebook ပေါ်က ဟာသ Vlogger အောင်ရဲထွေးကတော့ ရုတ်တရတ်ဆုံးပါးသွားခဲ့ပါပြီ ။ သွေးရိုးသားရိုးမဟုတ်ဘဲ အခြားလူတစ်စုရဲ့ ပယောဂကြောင့် ဒီလို ဆုံးပါးသွားခဲ့ရတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေက ဆိုနေကြတာကိုလည်း တွေ့ရှိရပါတယ် ။

New Year Night ရဲ့ Club မှာ ဘယ်သူမှန်းမသိရသေးတဲ့ လူတစ်စုက ခေါင်းကို သံဖိနပ်နဲ့ ၀ုိင်း ကန်ခဲ့တာကြောင့် ဆေးရုံပို့ခဲ့ပေမယ့် ဆေးရုံမှာပဲ ဆုံးပါးသွားခဲ့တာပါ ။ 

ဒီသတင်းထွက်ပေါ်လာတဲ့အချိန်မှာ ရုတ်တရတ်ကြီးမို့ မိတ်ဆွေတွေရော ပရိတ်သတ်တွေရော မယုံနိုင်အောင်ဖြစ်ခဲ့ကြရပေမယ့် နောက်ပိုင်း ဆုံးပါးသွားတာ သေချာသွားတဲ့အခါ အံ့သြခြင်းတွေကနေ ယူကျုံးမရဖြစ်ရခြင်းတွေဆီပြောင်းလဲသွားခဲ့ပါတယ် ။ 

အနုပညာအလုပ်တွေ စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ အလားအလာရှိတဲ့သူတစ်ယောက်မို့ အနုပညာရှင်မိတ်ဆွေတွေကပါ စိတ်မကောင်းဖြစ်ခဲ့ရတာပါ ။

သူတို့ ၀မ်းနည်းရတဲ့ အကြောင်းကိုလည်း Aung Yell Htwe ဆီရည်ညွှန်းပြီးစာလေးတွေရေးသားခဲ့ကြပါတယ် ။ အနုပညာရှင်တွေ ရေးသားကြတဲ့ ၀မ်းနည်းခြင်းစာလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။