နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းစုဦးတစ်ယောက် သူမရဲ့ပရိတ်သတ်တွေက သူမ ကို လွမ်းနေမယ်ဆိုတာကို ရိပ်မိပုံပါပဲ။ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်တွေ အလွမ်းပြေ တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ သူမဟာ အောင်မြင်တဲ့မင်းသမီး တစ်လက် ဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပြည့်ပြည့်ဖောင်းဖောင်း ပုံစံလေးကြောင့် ပရိတ်သတ်တွေက ချစ်ခင် အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။ သူမရဲ့အနုပညာသက်တမ်းဟာလည်း နှစ်အချို့ရှိ ခဲ့ပြီပဲ ဖြစ်ပါတယ်။


သူမက လက်ရှိမှာ “ မသိဘူး မုန်းတယ် ” ဆိုတဲ့ ဇာတ်ကားလေးကို ရိုက်ကူးနေတာဖြစ်ပါ တယ်။ သူမရဲ့ ယနေ့ဖက်ရှင်လေးကတော့ စပို့ရှပ်လက်ရှည်အနီရောင်လေးကို အပေါ်က Jean Suit လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတာဖြစ်ပါတယ်။ နေကာမျက်မှန်အနက်ရောင်လေး ကို တပ်ကာ ဘွတ်ဖိနပ်အနက်ရောင်လေးကို လိုက်ဖက်စွာဝတ်ဆင်ထားတဲ့ သူမရဲ့ပုံစံလေးက ပေါ့ပါးလွတ်လပ်နေ ပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ပဲ ပရိတ်သတ်တွေကို အပြည့်အဝဆွဲဆောင်နိုင်ခဲ့ပုံ ရပါတယ်။


သူမရဲ့ Facebook မှာ လွမ်းနေမယ်ဆိုတာသိလို့ ပုံလာတင်တာ ဆိုပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေဆီ ဝေမျှခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ နာမည် ကျော်မင်းသမီးလေး နန်းစုဦးရဲ့ စွဲမက်ဖွယ်အလှပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ထပ်ဆင့်ပြန်လည် မျှဝေပေး လိုက်ပြီနော်။
Photo – Nan Su Oo’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။