အနုပညာလောကမှာ နာမည်ကြီးလူကြိုက်များတဲ့ မင်းသမီးများထဲမှာ ချောရတနာလည်း အပါအဝင်ပဲဖြစ်ပါတယ်။ လက်ရှိမိသားစုနဲ့ ပျော်ရွှင်တဲ့ဘဝလေးကို ထူထောင်ထားပြီး အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြင့် ရပ်တည်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ မနေ့က ကျရောက်ခဲ့တဲ့ မင်းသမီးချောလေး သန္တာဗိုလ်ရဲ့ မွေးနေ့မှာ အမဖြစ်သူ ချောရတနာနှင့်အတူ အခြား အနုပညာရှင်ညီအကို မောင်နှမများစွာကလည်း ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း တွေ့ရပါတယ်။
အသံကောင်းပြီး သရုပ်ဆောင်ရာမှာလည်း တော်တဲ့ သန္တာဗိုလ်ကို သရိသတ်ကြီး သိမှာပါ။ ခင်ချစ်စရာ အမူရာလေးတွေကြောင့် ပရိသတ်များအပါအဝင် အနုပညာလောကသားများကပါ ချစ်ခင်ကြသူ တစ်ဦးလည်းဖြစ်ပါတယ်။ မင်းသမီးချောရတနာကတော့ ချစ်ညီမလေးသန္တာဗိုလ်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ ချောရတနာရဲ့ ဆုတောင်းလေးကတော့ "Happy Birthday ပါသဲ မိသားစုရဲ့ အသည်းဆုံးမို့ သဲသဲလိုပခေါ်ခဲ့တာ ငယ်ငယ်ထဲကနေ ခုချိန်ထိပြန်သုံသပ် ရရင်မဆိုးပါဘူး လိမ္မာပါတယ်ပေါ့ ကျေးဇူးအတင်ဆုံးက အမေ့ကို စောင့်ရှောက်ဖို့ လုပ်ကျွေးဖို့ လက်ဆင့်ကမ်းတာဝန် ယူပေးတာ ကျေးဇူးပါ မိဘကိုလုပ်ကျွေးတဲ့ကုသိုလ်ကြောင့် အစစအရာရာ အဆင်ပြေပါစေ" ဟူ၍ဆုတောင်းပေးခဲ့ပါတယ်။
ချောရတနာကတော့ မိခင်ကို ပြုစုလုပ်ကျွေးနေတဲ့ သမီးအလိမ္မာလေး ဖြစ်တဲ့ ညီမကို ချစ်စရာ စကားလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မွေးနေ့ရှင် မင်းသမီးလေး သန္တာဗိုလ်အတွက် မွေးနေ့ဆုတောင်းလေးတောင်းပေးကြပါအုန်းနော်။ သန္တာဗိုလ်ရဲ့ အလန်းစားဓာတ်ပုံများနဲ့အတူ မျှဝေပေးလိုက်ပါတယ်။
Source - Chaw Yadana
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။