နာမည်ကျော်မင်းသားကြီးတစ်လက်ဖြစ်တဲ့ လွင်မိုးတစ်ယောက် ယောက္ခထီးရာထူးကို ရရှိ သွားပြီပဲဖြစ်ပါတယ်။ သမီးနှစ်ယောက်ရှိရာမှာ သမီးအကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုး ကတော့ စွံသွားပြီပဲဖြစ်ပါ တယ်။ သူမဟာ အနုပညာလုပ်ငန်းနဲ့ပက်သက်လို့ Photo Model ပိုင်းလောက်ပိုပဲစိတ်ဝင်စားပြီး သရုပ်ဆောင်ပိုင်းထိ ကျယ်ကျယ်ပြန့်ပြန့်သွားဖို့ကိုတော့ ဝါသနာ အရမ်းမထုံဘူးလို့ ဆိုပါတယ်။ လတ်တလောမှာ သြစတျေးလျမှာကျောင်းသွားတက်မှာ ဖြစ်လို့ အနုပညာလုပ်ငန်းတွေကို ရပ်နားခဲ့ ပါတယ်။ သူမဟာ သြစတေးလျမှာဘွဲ့တစ်ခုယူခဲ့ ပြီး ချစ်သူလည်းရရှိပိုင်ဆိုင်ခဲ့ပါတယ်။



သူမဟာ အမျိုးသားပရိတ်သတ်တွေကြားမှာ ရေပန်းစားလွန်းသူလေးတစ်ယောက်ပါပဲ။ သူမနဲ့ ပက်သက်ပြီး ဖခင်ဖြစ်သူ လွင်မိုးဟာလည်း ယောက္ခထီးဆိုတဲ့ အခေါ်အဝေါ်နဲ့ အမြဲလို လို စနောက်ခံရပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်က သူမရဲ့ချစ်သူနဲ့စေ့စပ်လိုက်ပြီဆိုတဲ့ သတင်း ကြောင့် ပုရိသ တော်တော်များများ ဝမ်းနည်းကြောင်းစာလွှာလေးတွေ ရေးတင်ခဲ့ကြပါသေး တယ်။ ခုလို ရုတ်တရက်ကြီး လက်ထပ်လိုက်လိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် ကိုကို ပုရိသတို့ခမျာ ခံစားချက်တွေ အတုန်းအရုံးကျရှုံးကုန်ကြပါပြီ။ မဟာပုရိသတို့အတွက်တော့ စိတ်ထိခိုက်စရာ သတင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပါပဲ။




သို့သော် သူမအနေနဲ့ကတော့ ချစ်တဲ့သူနဲ့လက်တွဲခွင့်ရပြီး တသက်လုံးပျော်ပျော်ရွှင်ရွှင် နေသွားရမယ်ဆိုတော့ တကယ့်ကိုပြီးပြည့်စုံတဲ့ ပွဲလေးတစ်ပွဲဖြစ်မှာ အသေအချာပါပဲ။ နှစ် ယောက်လုံးက ပြည့်စုံတဲ့အသိုင်းအဝိုင်းကိုယ်စီကဖြစ်လို့ နေနဲ့လရွှေနဲ့မြပါပဲ။ ချစ်စရာကောင်း တဲ့ မင်္ဂလာပွဲလေးကို ဘယ်လိုဖန်တီးမလဲဆိုတာတော့ ပရိတ်သတ်တွေစောင့်ကြည့်ရမှာပါ ပဲ။ ငယ်ရွယ်တဲ့အချိန်မှာ အိမ်ထောင်ပြုလိုက်တာမို့ တစ်ချို့ပရိတ်သတ်တွေက နှမြောတသ ရှိနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်တဲ့သူနဲ့လက်တွဲနိုင်တဲ့အတွက် Congratulation ပါ ယွန်းရေ။
Photo Crd



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။