သရုပ်ဆောင်ခိုင်နှင်းဝေဟာ စိတ်ကောင်းစေတနာကောင်းရှိတဲ့ မင်းသမီးတစ်တစ်ယောက်လဲဖြစ်ပါတယ်။ဘယ်နေရာရောက်ရောက် အလှူနဲ့လက်နဲ့မပြတ်လှူတန်းတဲ့ မင်းသမီးလည်းဖြစ်ပါတယ်။သူမဟာ ပရိဟိတကိုလည်း တဖက်တလမ်းမှာ ပါ၀င်လုပ်ကိုင်သူတစ်ယောက်ဖြစ်ပြီး အများက ပရဟိတမင်းသမီးလို့လဲ ခေါ်ဝေါ်ကြပါတယ်။

သူမဟာ ယခုလဲ ပင်ပန်းဆင်းရဲ့စွာနေပူထဲမှာ လမ်းပြင်နေတဲ့ အလုပ်သမားတွေကို ကြည့်ပြီး ဂရုဏသက်စွာအလှူပြုခဲ့တာဖြစ်ပါတယ်။သူကတော့ သူမရဲ့ဖေ့စ်ဘုတ်မှာအခုလိုရေးသားခဲ့ပါတယ်

“လမ်းသွားရင်းကုသိုလ်ပါရှင့်...

ဒီနေ့ကားရိုက်နားလို့ ရေပူစမ်းသွားတဲ့လမ်းမှာ လမ်းပြင်နေတဲ့အလုပ်သမားတွေတွေ့လို့ နေပူကြီးထဲ ကျောက်အမှုံတွေ,ကတ္တရာ အနံတွေ တထောင်းထောင်းကြားထဲမှာ လမ်းခင်းကျောက်တွေ သယ်တဲ့သူကသယ်,တူနဲ့ထုတဲ့သူကထုနဲ့ ကျမတို့ ကားတွေဖြတ်သန်းသွားလာဖို့အတွက် အလုပ်လုပ်နေကြတဲ့သူတွေကိုမြင်တော့ ကျမစိတ်ထဲလေးစားမိပါတယ်.ဒါကြောင့် သူတို့အတွက် မုန့်,အချိုရည်နဲ့အလှူငွေတတ်နိုင်သလောက်လေး လှူဖြစ်ခဲ့ပါတယ်...”

Source - khine hnin wai


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။