အဆိုတော် ချမ်းချမ်းနဲ့ မော်ဒယ်သရုပ်ဆောင် ဘုဏ်းသိုက်တို့ဇနီးမောင်နှံနှစ်ဦး ရဲ့ လက်ရှိဆက်ဆံရေးအခြေအနေကို ပရိသတ်တိုင်းက စိတ်ဝင်တစားစောင့်ကြည့်နေကြမှာပါ။

ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ချမ်းချမ်းတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့နို၀င်ဘာလက ကြေးမုံသတင်းစာမှာပါတဲ့ ကွာရှင်းကြေညာစာတမ်းနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်။

ချမ်းချမ်းဘက်က စပြီး ကွာရှင်းကြောင်းကြေညာခဲ့တဲ့ ကိစ္စမှာ ဘုဏ်းသိုက်ရဲ့ လူမှုရေးဖောက်ပြန်မှုဆိုပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း ပြင်းထန်ခဲ့တာဖြစ်ပါတယ်။လက်တလောမှာတော့ သမီးလေးနဲ့အတူနေတဲ့ ချမ်းချမ်းက သူမရဲ့ ဘုဏ်းသိုက်တို့ရဲ့ တည်ငြိမ်စပြုနေတဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး

“အစ်မနဲ့သူနဲ့ကတော့ မိတ်ဆွေတွေပါပဲ၊ ဒီထက်လည်း မပိုတော့ဘူး။ သူနဲ့အစ်မနဲ့က အရင်ကတည်းက မိတ်ဆွေ သူငယ်ချင်းအဖြစ်ကနေ အိမ်ထောင်ဘက် ဖြစ်လာတာလေ၊ ဆိုတဲ့အခါကျတော့ ခုချိန်မှာလည်း သူငယ်ချင်းပါပဲ။ အစ်မတို့က အနုပညာသည်တွေ ဖြစ်တဲ့အတွေ့ကြောင့် အနုပညာလောကမှာ ပြန်တွေ့ကြအုံးမှာပါပဲ” လို့ We.com မီဒီယာနဲ့ မေးမြန်းမှုတစ်ခုမှာ ချမ်းချမ်းက ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာပါ။

ဘုဏ်းသိုက်တစ်ယောက်လည်းအလုပ်ကိစ္စနဲ့ ခရီးတွေထွက်ရင်း ကုန်ဆုံးနေသလို ချမး်ချမ်းကလည်း သူမရဲ့ သီချင်းတွေနဲ့ အလုပ်များနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် သူတို့ဇနီးမောင်နှံကို ပြန်အဆင်ပြေချင်တော့အမှန်ပါပဲ။ ဟုတ်တယ်နော် ပရိသတ်ကြီးရေ။

Ref : We.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။