မြန်မာ့သမိုင်းမှာ ထင်ရှှားကျော်ကြားခဲ့တဲ့ လူများစွာရှိတဲ့အထဲမှာမှ ကနောင်မင်းသားကြီးဟာဆိုရင်လည်း ထက်မြက်ပါးနပ်လွန်းတဲ့ မင်းသားကြီးတစ်ပါးဖြစ်ပါတယ်။ကနောင်မင်းသားကြီးဟာ မင်းတုန်းမင်းတရားကြီးရဲ့ ညီတော်တစ်ပါးဖြစ်ပြီး တိုင်းပြည်တိုးတက်စေဖို့အတွက်အစွမ်းကုန် ကြိုးစားပေးခဲ့သူလည်းဖြစ်ပါတယ်။ယခုဖော်ပြမယ့် အမေးအဖြေကတော့ ကနောင်မင်းသားကြီးဟာ သူသိလိုသမျှအမေးအဖြေတွေကို အင်္ဂလိပ်သံအမတ်ကြီး ဖယ်ရာကို မေးခဲ့တာပဲဖြစ်ပါတယ်။ ထိုအမေးအဖြေတွေထဲမှာမှ အကြောင်းအရာတချို့ကို ပရိသတ်ကြီးဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကနောင်။ ။ သေနတ်ကျည်ဆန်ထဲမှာသုံးခဲ့တဲ့ယမ်းကိုဘယ်နိုင်ငံကစတီထွင်ခဲ့တာပါသလဲ။

ဖယ်ရာ။ ။ အင်္ဂလန်နိုင်ငံ(သို့မဟုတ်) ဂျာမနီနိုင်ငံက စတီထွင်လို့လဲပြောကြပါတယ်။ ကျွန်တော်တို့ရဲ့စာအုပ်မှတ်တမ်းတွေအရတော့ တရုတ်ပြည်မှာရှေးခေတ်ကတည်းက ရှိနေပြီလို့သိရပါတယ်။

ထိုအချိန်အမေးအဖြေစကားဝိုင်းထဲကိုအနီးမှာဝင်ထိုင်နေတဲ့ ၀န်ထောက်မင်းကဝင်ပြောပါတယ်။

၀န်ထောက်။ ။ သံအမတ်ကြီးက ဘယ်နိုင်ငံက သေနတ်ခဲယမ်းကိုစလုပ်တာမသိဘူးဆိုတာ အင်္ဂလန်နိုင်ငံကပဲ စတင်တီထွင်ခဲ့သယောင် ယူဆစေချင်လို့မဟုတ်လား။

ဖယ်ရာ။ ။ ဒီလိုမဟုတ်ရပါ။သေနတ်ခဲယမ်းတွေပေါ်ပေါက်ခဲ့တာနဲ့ပတ်သက်ပြီး သံသယဖြစ်စရာရှိလို့ အတိအကျမပြောတာပါ။

၀န်ထောက်။ ။ ဒါဆိုရင်ပထမဆုံးသေနတ်ကို ဘယ်အရပ်ဒေသမှာ တီထွင်ပေါ်ပေါက်ခဲ့ပါသလဲ။

ဖယ်ရာ။ ။ ကျွနု်ပ်သေချာမပြောနိုင်ပါ။ ဒါပေမယ့် အမြှောက်လက်နက်ကိုတော့ အင်္ဂလိပ်လူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀)လောက်ထဲက စတင်အသုံးပြုခဲ့ကြပါတယ်။

ကနောင်။ ။မီးသဘောင်္တွေကို ဘယ်နိုင်ငံက စတင်တီထွင်ခဲ့ပါသလဲ။

ဖယ်ရာ။ ။ အရေိကန်နိုင်ငံကဖြစ်ပါတယ် အိမ်ရှေ့မင်း။ရေနွေးငွေ့အားနဲ့မောင်းနှင်တဲ့အင်ဂျင်စက်ကို အင်္ဂလန်မှာ စတင်တီထွင်ခဲ့ပါတယ်။ဒီအင်ဂျင်စက်ကိုအမေရိကန်တွေက သဘောတွေမှာ အသုံးပြုခဲ့ပါတယ်။

ကနောင်။ ။ဘယ်နိုင်ငံကမီးသင်္ဘောပိုများလဲ။

ဖယ်ရာ။ ။ အင်္ဂလန်နိုင်ငံကတော့ မီးသင်္ဘောအရေအတွက်ပိုများပါတယ်။ ပြင်သစ်နိုင်ငံကတော့ အင်အားကြီးတဲ့ ကြည်းတပ်ရှိပါတယ်။

အဲဒီနောက် ကနောင်မင်းသားကြီးပြန်ကြွသွားတဲ့အတွက် အမေးအဖြေကဏ္ဍလည်းပြီးသွားပါတယ်။

Source: သမိုင်းထဲကအင်တာဗျူး-အင်တာဗျူးထဲက သမိုင်း တင်နိုင်တိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။