အနုပညာလောကထဲမှာ နေရာတစ်နေရာအခိုင်အမာရရှိထားပြီး အကယ်ဒမီဆွတ်ခူးထားတဲ့ မင်းသမီးစာရင်းမှာ ရုပ်ရှင်မင်းသမီးမယ်လိုဒီတစ်ယောက်လည်း ပါ၀င်ပါတယ်။
ပရိသတ်တွေစိတ်ဝင်စားနေတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ နေထိုင်မှုပုံရိပ်လေးတွေက လူမှုကွန်ရက်မှာ လူပြောများလျက်ရှိပါတယ်။

သားလေးတစ်ယောက်ရဲ့ မေမေ မယ်လိုဒီတစ်ယောက် သူမရဲ့ ပရိသတ်တွေကို သူမရဲ့ အသုံးအဆောင်ပစ္စည်းလေးတွေအပတ်စဉ်မဲဖောက်ပေးနေတာဖြစ်ပါတယ်။
နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တာမို့ သူမရဲ့ အဝတ်အစား ၊အိတ် ၊ဖိနပ် စတဲ့အသုံးအဆောင်ပစ္စည်းတွေဟာ တစ်ခါလောက်သာ ၀တ်ဖူးသုံးဖူးတာမို့ အသစ်ပုံစံတိုင်းပဲ ရှိနေတာမို့ ပရိသတ်တိုင်းက လိုချင်ကြမှာအမှန်ပါပဲ။

သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ သူမ မဲဖောက်ပေးတဲ့ ပို့စ်အောက်မှာ ကွန့်မန့်လေးတွေဝေဝေဆာဆာရေးခဲ့ပြီး အဲ့ဒီထဲကမှ ပြန်လည်ရွေးချယ်ပြီး မဲဖောက်ပေးတာဖြစ်တယ်လို့ မယ်လိုဒီက သူမရဲ့ ဖေ့ဘုတ် မှာ ကြေညာထားပါတယ်။
စိတ်သဘောထားပြည့်ဝသလို အိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာစရာတွေနဲ့ ပြည့်နှက်နေတာမို့ ပျော်ရွှင်တဲ့့မိသားစုဘဝလေးပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဆိုလည်း မှန်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပွဲတက်ပုံရိပ်လေးတွေကြောင့် အပျိုလေးအတိုင်း ထင်ရတဲ့ မယ်လိုဒီရဲ့ နုပျိုလန်းဆန်းပုံကိုတော့ ပရိသတ်တွေသဘောကျခဲ့ရတာပဲဖြစ်ပါတယ်။
နောက်ထပ် မဲဖောက်ပေးမယ့်အစီစဉ်လေးတွေမှာလည်း သူမရဲ့ Actress Melody ဆိုတဲ့ ဖေ့ဘုတ် ပေ့ မှာ ၀င်ပါလို့ ရသေးတယ်နော်။
မယ်လိုဒီ ရဲ့ အသုံးအဆောင်လေးတွေကို နှစ်သက်တဲ့သူရှိလား။


Source : Melody
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။