GFatt ပရိတ်သတ်တွေ ရှိကြလားဗျိုး ?

လူငယ်တွေရဲ့ အချစ်တော် အဆိုတော် GFatt ကတော့ ချစ်သူအတွက် ရင်ထဲက စကားတွေကို ဖွင့်ဟလိုက်ပါတယ် ။

ချစ်သူကို သဝန်တိုတယ် တဲ့ ။ ဘာကြောင့် သဝန်တိုရတာလဲဆိုတာကိုပြောထားတာလေးကတော့ ကြွေဆင်ပါပဲ ။ 

" ကိုယ့်သဝန်တိုမှုရဲ့ ၃၀%ဟာ မင်းဘေးက ဂဂျိုးဂဂျောင် ကောင်တွေကြောင့်ဖြစ်ပြီး ကျန်တဲ့ ရ၀%ဟာ မင်းအလှကြောင့်ဖြစ်တယ် " လို့ သီချင်းတွေ အရေးကောင်းတဲ့ GFatt ရဲ့ ထုံးစံအတိုင်း စကားလုံးအလန်းတွေနဲ့ ဆိုလိုက်တာပါ ။

ပရိတ်သတ်တွေကတော့ GFatt ရဲ့ တော်ကီအလန်းတွေကို သဘောကျနေကြပါတယ် ။ 

အချစ်ရဲ့ နောက်မှာ သဝန်တိုတတ်တာလေး ကပ်ပါတတ်တာ သဘာဝပါပဲ ။ အချစ်နဲ့ တွေ့နေပြီဖြစ်တဲ့ ကို GFatt တစ်ယောက်လဲ ခုတော့ သဝန်တွေတိုနေရပြီပေါ့ ။

Gfatt ကဆိုရင် လူငယ်တွေ အားပေးခြင်းခံရတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ချစ်သူကလည်း အနုပညာလောကထဲကပဲလို့ လူတွေသိကြပါတယ် ။ ခုလတ်တလောမှာတော့ ကြော်ငြာရိုက်ဖို့ ယိုးဒယားကို ရောက်ရှိနေပါတယ်တဲ့ ။ 

သတင်းအရင်းမြစ် GFatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။