ယနေ့ ဒီဇင်ဘာ(၁၄)ရက်နေ့ကတော့ အပြုံးချိုချိုလေးတွေနဲ့ ပါးချိုင့်မင်းသားလေး ကောင်းမြတ်စံရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

မိန်းကလေး ပရိသတ်တွေ အများဆုံးရရှိထားတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချောလေး ကောင်းမြတ်စံကတော့ ပါးချိုင့်လေးတွေ အပြုံး ချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်လွန်းသူပါ..။

Happy Birthday ပါ.. Birthday Boy လေး.. အောင်မြင်တဲ့ အနာဂတ်နေ့လေးတွေကို နေ့ရက်ပိုင်းမှာ ပိုင်ဆိုင်နိုင်စေဖို့ ပရိသတ်ကြီးများနဲ့ အတူ Myanmarload မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်..။

မော်လ်ဒယ် သရုပ်ဆောင် မင်းသားချောလေး ကောင်းမြတ်စံကတော့ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတာ တွေ့ရပါတယ်..။

မကြာခင်က ထုတ်လွှင့်ပြသခဲ့တဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲမှာလည်း ကိုးလ် အဖြစ် ပါဝင်သရုပ်ဆောင်ထားကာ ပရိသတ်တွေကို ကြိုက်နှစ်သက်စေပြီး အချစ်ပိုစေခဲ့ပါတယ်…။

ဇာတ်ရုပ်တွေကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ထားသလို “ရတနာထဲက ရတနာ” ဇာတ်ကားမှာလည်း အောင်သခင် (ဂဠုန်မင်း) အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေကို ဖမ်းစားထားတာကိုလည်း တွေ့ရပါတယ်..။

မင်းသားချောလေး ကောင်းမြတ်စံကတော့ ယနေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့လေးမှာ မွေးနေ့ဆုတောင်းပေးတဲ့ တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်တဲ့ အကြောင်းလေး သူအသုံးပြုတဲ့ fb စာမျက်နှာမှာ ရေးသားထားပါသေးတယ်..။

သူ့ရဲ့ မွေးနေ့လေးအတွက် လိုချင်တဲ့ ဆုလေးတစ်ခုကိုလည်း တောင်းထားတာကိုလည်း တွေ့ရပါတယ်..။

“မွေးနေ့ဆုတောင်းပေးတဲ့တစ်ယောက်ချင်းဆီကို ကျေးဇူးအထူးတင်ပါတယ်ဗျ....... အရမ်းလဲချစ်တယ်...... အရမ်းလဲပျော်တယ်....... အရမ်းလဲဝမ်းသာတယ်....

ကျွန်တော့မွေးနေ့အတွက် ဆုတစ်ခုလောက်တောင်းချင်တယ်......

( ပရိတ်သတ်တွေကအရမ်းချစ်တဲ့ ပရိတ်သတ်တွေကိုအရမ်းချစ်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ရပါလို၏)..” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

ပရိသတ်ကြီးတွေလည်း မင်းသားချောလေး ကိုးလ် အတွက် မွေးနေ့ဆုတောင်း စကားလေးတွေ ပြောသွားပါဦးနော်..

Source - ကောင်းမြတ်စံ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။