ပရိသတ်တွေမြင်တွေရတဲ့ ခေတ်သစ် ဗိုလ်အောင်ဒင်နဲ့ မမြဝင်းက ဘယ်သူတွေလည်း မှတ်မိရဲ့လား။ ခေတ်သစ် ဗိုလ်အောင်ကတော့ ပရိသတ်တွေဆီ ခဏနေ ပြန်လာခဲ့ပါမယ်ဆိုတဲ့ ကျော်ထက်အောင်နဲ့ မြန်မာနိုင်ငံရဲ့ ဘာဘီရုပ်လေးတစ်ရုပ် အလားထင်မှတ်ရတဲ့ တက်သစ်စ မင်းသမီးချောလေး Alice Ong တို့ပဲဖြစ်ပါတယ်။ ရှေးခေတ် ဝတ်စားဆင်ယင် ပုံလေးတွေနဲ့ အရမ်းကိုချစ်ဖို့ ကောင်းနေကြတာ ပဲဖြစ်ပါတယ်။


ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ ရိုက်ကွင်းတစ်ခု ပေါ်က ချစ်စရာပုံရိပ်လေး တွေပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ညို့ယူဖမ်းစား နေတာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ အိုက်တင်လေးတွေနဲ့ အတွဲညီညီ သရုပ်ဖော်နေကြတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေး တွေကြောင့် ပရိသတ်တွေကို အချစ်ပိုစေခဲ့တာပဲဖြစ်ပါတယ်။


ဘေဘီရုပ်လေး Alice Ong ရဲ့လူမှုကွန်ယက်မှာလည်း "ယူကဗိုလ်အောင်ဒင်မီးကဒါကိုမမြင်" ဆိုတဲ့စာလေးနဲ့ အတူ ချစ်စရာကောင်းတဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေ မျှဝေထားတာပဲဖြစ်ပါတယ်။ တက်သစ်စ အနုပညာရှင်လေး တွေကတော့ အနုပညာခြေလှမ်းအသစ် တွေကို ကြိုးကြိုးစားစားနဲ့ ပရိသတ်တွေကို တင်ဆက် နိုင်ဖို့ကြိုးစား နေကြသူတွေပဲဖြစ်ပါတယ်။ မြင်ရသူအပေါင်း ဘဝင်နှလုံးရွှင်ပြုံးစေမယ့် ခေတ်သစ် ဗိုလ်အောင်ဒင်နဲ့ မမြင်ဝင်းရဲ့ ပုံရိပ်လေးတွေကိုလဲ ပရိသတ်တွေ အတွက်မျှဝေပေးလိုက်ပါတယ်။


သတင်းအရင်းအမြစ် - Alice Ong
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။