နာမည်ကျော်မင်းသမီးရွှေမှုန်ရတီတစ်ယောက် ချစ်စရာ Selfie ပုံရိပ်လေးတွေကို ရိုက်ကူး ထားပါတယ်။ အနီရောင်အင်္ကျ ီလေးကိုဝတ်ဆင်ထားပြီး ရိုးရိုးလေးရိုက်ကူးထားတာပဲဖြစ်ပါ တယ်။ သူမဟာ မြန်မာပြည်ရဲ့ ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်ဦးဖြစ်ပြီး အားပေးသူ ပရိတ် သတ် အများအပြားကို ရရှိထား သူလည်းဖြစ်ပါတယ်။ ပြီးခဲ့လပိုင်းက Video ဇာတ်ကားကို ရုပ်ရှင်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးတဲ့ “ စိတ်ကြီးဝင်နေတဲ့ မိန်းမ ” ဇာတ်ကားရဲ့ ဇာတ် ဝင်ခန်းအတွက် Live လွှင့်ပြီး ဟာသဆန်ဆန် သရုပ် ဆောင်ခဲ့တာနဲ့ ပက်သက်ပြီး ပရိတ် သတ်တွေကို အထင်မလွဲစေရန် သူမက ပြန်လည်ရှင်းပြခဲ့ပါသေး တယ်။


လက်ရှိမှာတော့ သူမက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးထားပြီး ပရိတ်သတ် အား ပေးမှုကို အပြည့်အဝရရှိထားပါတယ်။ သူမနောက်ဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ “ ငယ် ကျွန် ” ဇာတ်ကားဟာ လည်း တကယ့်ကိုအမိုက်စား Heavy Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို မေတ္တာရောင်ပြန်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက် တာဝင်းထွန်းထွန်း လက်စွမ်းပြထားတာပဲ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ လူ မင်း၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာနဲ့ ရွှေမှုန်ရတီတို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါ တယ်။ ဒီဇာတ်ကားကို သူမအနေနဲ့ ရူးခါနေအောင်သရုပ်ဆောင် ထားတယ်ဆိုတာ ယုံပါဆိုပြီး သူမရဲ့ပရိတ်သတ်တွေကို ပြောခဲ့ပါသေးတယ်။


သူမရဲ့ ချစ်စဖွယ် Selfie ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ ပန်းရောင်အနွေးထည်အင်္ကျ ီလေးကိုဝတ်ဆင်ထားပြီး ပန်းရောင်ဦးထုပ်လေးကိုဆောင်းကာ Pink Baby လေး ရွှေမှုန်ရတီရဲ့ပုံစံလေးက ဘာမှမလိမ်းထားတဲ့ မျက်နှာပြောင်လေးနဲ့ တောင် ချစ်စရာ ကောင်းလွန်းနေပါတယ်။ သူမရဲ့ကားပေါ်မှာရိုက်ကူးထားတဲ့ Selfie အလှ ပုံလေးတွေကို ပရိတ်သတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီနော်။
Photo – Shwe Mhone Yati’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။