မော်ဒယ်လ် ဆန်းတိုးနိုင် နဲ့ မော်ဒယ်လ် ချွန်းချွန်းတို့ စုံတွဲဟာ ပရိသတ်တွေကြား ရေပန်းစားတဲ့ အနုပညာရှင် စုံတွဲတွေထဲက တစ်ဦးဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ မော်ဒယ်လ်လောကမှာ နေရာတစ်ရာစီအခိုင်အမာ ရရှိထားကြသူတွေဖြစ်ပြီး လက်ရှိမှာ အောင်မြင်နေကြတဲ့ ထိပ်တန်းမော်ဒယ်စာရင်းဝင်တွေဖြစ်ကြပါတယ်။
လွန်ခဲ့တဲ့ မိနစ်ပိုင်းက ဆန်းတိုးနိုင်က ချွန်းချွန်းသူနဲ့ရန်ဖြစ်ပြီး ပျောက်နေလို့ စိတ်ပူနေကြောင်း သူ့ရဲ့ လူမှုစာမျက်နှာမှာ ယခုလို "ကျွန်တော်နဲ ့ချွန်းချွန်းရန်ဖြစ်ပြီး ချွန်းကိုအမရာငြိမ်းနဲ ့မေဆူးမောင်ညကြီးအပြင်ခေါ ်သွားတာခုထိပျောက်နေပါတယ်အိမ်ကလူတွေပါစိတ်ပူနေတယ်တွေ ့တဲ့သူများရှိရင်ကူညီပေးကြပါ" ဆိုပြီး ရေးသားထားပါတယ်။
သူတို့စုံတွဲဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar International Fashion Week မှာ ပါဝင်ခဲ့ကြပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ ချွန်းချွန်းက ဆန်းတိုးနိုင်ဟာ သူမအတွက် တိုင်ပင်ဖက်ကောင်းတစ်ယောက်ဖြစ်သလို အားကိုးရသူတစ်ဦးလည်းဖြစ်ပေမယ့် အပျော်အပါးတော့ လျော့စေချင်တယ်ဆိုပြီး ဖြေဆိုခဲ့ဖူးပါတယ် ပရိသတ်ကြီးရေ.....
Source: Sann Lay
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။