နာမည်ကျော် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဝိုင်းကတော့ ဒီနှစ်အကယ်ဒမီအတွက် နေတိုးနဲ့ အိန္ဒြာကျော်ဇင်ကို ခန့်မှန်းထားတာ ဖြစ်ပါတယ်..။

ဒါရိုက်တာ ဝိုင်း ဟာ သူ့ဇာတ်ကားများမှ သရုပ်ဆောင်တွေကို အကယ်ဒမီဆုတွေ ရယူပေးနေတာကြောင့် နာမည်ရလာတာ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ဒါရိုက်တာ အကယ်ဒမီဆု နှစ်ဆုကိုလည်း ရရှှိထားတာ ဖြစ်ပါတယ်..။

ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ ရုပ်ရှင် အနုပညာလောကမှာ ဒါရိုက်တာတွေကြား နာမည်ရရှိလာပြီး သရုပ်ဆောင်တော်တော်များများကလည်း ဝိုင်းနဲ့ ဇာတ်ကားများ ရိုက်ကူးချင်ခဲ့ပါတယ်..။

အခုတစ်ခေါက်မှာလည်း ဒါရိုက်တာ ဝိုင်း ရိုက်ကူးပုံဖော်ထားတဲ့ မကြာသေးမီကမှ ရုံတင်ပြသထားတဲ့ နာမည်ကြီး ဇာတ်ကားများမှ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်ကို (၂၀၁၇)ခုနှစ်အတွက် အကယ်ဒမီ ခန့်မှန်းလိုက်ပါတယ်..။

လာမည့်(၂၀၁၈)ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် (၂၀၁၇)ခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာ “တာတေကြီး” ရုပ်ရှင်ဇာတ်ကားမှ နေတိုးနဲ့ “ရင်ဘတ်ထဲကဓား” ဇာတ်ကားမှ အိန္ဒြာကျော်ဇင်တို့ကို ခန့်မှန်းထားတာ ဖြစ်ပါတယ်..။

ဒါရိုက်တာ ဝိုင်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ “ဒီနှစ်ယောက်က၂၀၁၇ရဲ့အကယ်ဒမီပိုင်ရှင်တွေလား..” ဆိုပြီး သူ့ရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

“တာတေကြီး” ရုပ်ရှင်ဇာတ်ကားမှာ နေတိုးရဲ့ ပီပြင်တဲ့ ဇာတ်ရုပ်နဲ့ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ ကြည့်ရှုအားပေးခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်သလို

“ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားမှာ အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ အိန္ဒြာကျော်ဇင်ကလည်း သူ့ရဲ့ သရုပ်ဆောင် ပီပြင်မှုတွေနဲ့ ဇာတ်အိမ်တွေကြောင့် ပရိသတ်တွေကြား အရမ်းကို ရေပန်းစားခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ခဲ့တာ တွေ့ရပါတယ်..။

“တာတေကြီး” ဇာတ်ကားနဲ့ “ရင်ဘတ်ထဲကဓား” ဇာတ်ကားနှစ်ကားဟာ (၂၀၁၇)ခုနှစ်မှာ ပရိသတ်တွေ တခဲနက် အားပေးခဲ့ပြီး အရမ်းဟော့ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပြီး အဲ့ဒီ ဇာတ်ကားနှစ်ကားလုံးကိုလည်း ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပုံဖော်ခဲ့တာ ဖြစ်ပါတယ်..။

Source - ဝိုင်း Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။