လူငယ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေရရှိထားတဲ့ အဆိုတော်ရွှေထူးဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်အားလုံးကို အသိပေးထားပြီးသားဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ပရိသတ်တိုင်းရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခံရတဲ့ ရွှေထူးတို့ စုံတွဲလေးဟာ Long Distance Relationship (အနေဝေး) ဖြစ်ပြီး တစ်မြေဆီ ခွဲနေရတာဖြစ်ပါတယ်။

ရွှေထူးလို့ ပြောလိုက်တာနဲ့ ကိုယ်ပိုင်သံစဉ်တွေနဲ့ လူငယ်ပရိသတ်တွေရင်ထဲကို သီချင်းကောင်းလေးတွေနဲ့ ဖမ်းစားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်လို့ ပြေးမြင်မိမှာပါ။

အနုပညာလောကမှာ နေရာတစ်နေရာအခိုင်အမာရရှိနေပြီဖြစ်တဲ့ ရွှေထူး တစ်ယောက် ပျော်စရာကောင်းပြီး နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရတာပါ။ရွှေရွှေလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ရွှေထူးဟာ သြစီမှာ ကျောင်းတက်ရင်းအလုပ်လုပ်နေတဲ့ ချစ်သူကောင်မလေး နဲ့ ချစ်သူသက်တမ်း(၆)နှစ်ပြည့်ထားတာဖြစ်ပါတယ်။

အဆိုတော်ရွှေထူးဟာ လက်ရှိအချိန်မှာတော့ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့အဆိုတော်တစ်ဦးဖြစ်သလို ပက်ပက်စက်စက်ညှို့ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါ၀င်သရုပ်ဆောင်ထားပါတယ်။

LDRS ဖြစ်နေတဲ့ ရွှေထူး နဲ့ ဒါဒါ တို့နှစ်ယောက်ကို အားကျတဲ့ပရိသတ်တွေရှိရင် ရှဲသွားနော်။ 

ချစ်စရာကောင်းတဲ့ ရွှေထူးရဲ့ ကောင်မလေး ယမင်းဦးဟာ ရွှေထူး နဲ့ မအောင်မြင်ခင်အချိန်ထဲက လက်တွဲခဲ့ကြတာဖြစ်ပြီး ရွှေထူးဆိုးသမျှကို အနွံတာခံပြီး ချစ်ခဲ့တာကြောင့်လည်း လက်ရှိအချိန်ထိ ချစ်သက်တမ်းတွေအကြာကြီး ဖြတ်ကျော်လာခဲ့တယ်လို့သိရပါတယ်။

အနေဝေးနေတာကြောင့် တစ်ယောက်ကို တစ်ယောက် သစ္စာရှိပြီး နားလည်မှုတွေနဲ့ ပြည့်နေတဲ့ သူတို့စုံတွဲလေးဟာ ချစ်သူသက်တမ်း(၆)နှစ်တောင်ကျော်လာပြီဆိုတော့ အားကျစရာပါပဲ။

Source: Shwe Htoofb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။