ဆမ်ဆောင်းကုမ္ပဏီဟာ နှစ်တိုင်းစွမ်းဆောင်ရည်မြင့် ခေါက်ဖုန်းအမျိုးအစား တစ်လုံးကို မိတ်ဆက်ပေးလေ့ရှိပါတယ်။ အဆိုပါအမျိုးအစားများကို W Seriesလို့ခေါ်ပီး ယခုနှစ်မှာလည်း W2018 ကိုမိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ဟာ Glaxy S8 ၊ Note 8တို့နဲ့ တူညီပြီး တန်ဖိုးကြီးစွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။


အဆိုပါဖုန်းမှာ မျက်နှာပြင်နှစ်ခုပါ၀င်လာမှာဖြစ်ပီး အရှေ့ဘက်မျက်နှာပြင်မှာ ၄.၂လက်မ Full HD Amoled Display နဲ့ အတွင်းဘက်မျက်နှာပြင်ကတော့ ၄.၂လက်မပဲဖြစ်ပီး Full HD Display ပါ၀င်ပါတယ်။ အနောက်ဘက် ကင်မရာမှာ 12MP ပါ၀င်ပီး f/1.5 သုံးထားတာကြောင့် အလင်းဝင်ပေါက်ဟာ ဖုန်းများထဲမှာ အကျယ်ဆုံးဖြစ်ပီး အလင်းရောင်နည်းပါးတဲ့ အချိန်မျိုးမှာတောင် အကြည်လင်ဆုံး ပုံရိပ်တွေကို ဖမ်းယူပေးနိုင်တယ်လို့သိရပါတယ်။ အရှေ့ဘက် ကင်မရာကတော့ 5MP ပဲရှိပါတယ်။


CPU ပိုင်းအနေနဲ့ Snapdragon 825ကိုသုံးထားပီး RAM 6GB ပါ၀င်ကာ ဘက်ထရီပါ၀ါကတော့ 2300mAh ပါ၀င်ပါတယ်။ Memory အနေနဲ့ 64GB နဲ့ 128GBနှစ်မျိုးရှိပီး မိမိနှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Body ပိုင်းမှာတော့ ရွှေနဲ့ပလက်တီနမ် ရောစပ်ထားတဲ့ကိုယ်ထည်ဖြင့် ဖန်တီးထားပီး လက်ဗွေရာစနစ်ကိုတော့ ဖုန်းကိုယ်ထည်ရဲ့ အနောက်ကင်မရာဘေးမှာမှာ တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် Directional pad နဲ့ Number Keypad တစ်ခုစီတပ်ဆင်ပေးထားပါသေးတယ်။စျေးနှုန်းအတိအကျကိုတော့ မကြေငြာသေးသော်လည်း ယခင်ထွက်ရှိခဲ့တဲ့ W seriesတွေထက်တော့ စျေးပိုများမှာသေချာပါတယ်။
Source: Mobile Guide
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။