မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ယမင်းမေဦးတစ်ယောက်ကတော့ အနက်ရောင် ဝမ်း ဆက်လေးနဲ့ လှချင်တိုင်းလှနေပါတော့တယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့အမူအရာလေး တွေကြောင့် ပရိတ်သတ်တွေ ဝန်းရံခြင်းခံနေရသူလေးတစ်ဦးဖြစ်လာပါတော့တယ်။ သူမနော က်ဆုံးထွက်ရှိထားတဲ့ဇာတ်ကားက တော့ “ သည်းခြေကြိုက် ” ဆိုတဲ့နာမည်နဲ့ ထွက်ရှိထား တာဖြစ်ပြီး ဒါရိုက်တာ အောင်ချမ်းလူရိုက်ကူး ထားပြီး အဓိကဇာတ်ဆောင်အနေနဲ့ ကောင်း ပြည့်က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ သူမကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ် တွေကလည်း အများအပြားရှိနေပါတယ်။

တက်သစ်စသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ယမင်းမေဦးဟာဆိုရင် အခုဆိုရင် ဇာတ်ကားသုံးကား ခန့် ရိုက်ကူးထားပြီး သူမကိုချစ်ခင်အားပေးတဲ့ပရိတ်သတ်အမြောက်အများနဲ့ အောင်မြင်စပြု နေတဲ့ အနုပညာရှင် မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့မျက်နှာထား လေးနဲ့ ကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေးကြောင့်ပဲ ပရိတ်သတ်တွေက ပိုမိုဝန်းရံလာတာဖြစ်ပြီး အောင်မြင်စပြုနေပြီဖြစ်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမရဲ့မြန်မာဆန်ဆန် ဝတ်စုံလေး ကလည်း သူမနဲ့လိုက်ဖက် တင့်တယ်လွန်းပြီး သူမရဲ့အလှကို ပိုမိုပင့်မြှောက်လိုက်သလိုပါပဲ။

သူမရဲ့ Facebook မှာ တင်တင်စိန်လျှောက်သွား ဓာတ်ဖမ်း ဆိုပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ် လေးတွေကို တင်ထားတာပဲဖြစ်ပါတယ်။ ငွေမှင်ရောင်ပိတ်စပေါ်မှာ မျဉ်းလိုင်းကြောင်းတွေ ကို လှလှပုံဖော်ထားတဲ့ ပိတ်စလေးကို လက်အနားနဲ့ ခါးပိုင်းလေးမှာ အမည်းရောင် ပိတ် စကွပ်ပြီး အနားတွန့်လေးတွေနဲ့ ပုံဖော်ထားတဲ့ သူမရဲ့ မြန်မာဝတ်စုံလေးက ချစ်စရာကောင်းပြီး သူမနဲ့လိုက်ဖက်လွန်းလှပါတယ်။ တက်သစ်စ မင်းသမီးလေး ယမင်းမေဦးရဲ့ ချစ်စရာ ကောင်းတဲ့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို ကြည့်ရှုပြီး အားပေးလိုက်ကြပါဦးနော်။

Photo – Yamin May Oo’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။