Beauty Blogger တစ်ဦးဖြစ်တဲ့နေခြည်ဦးဟာဆိုရင် မိဘနှစ်ပါးနဲ့အတူ မင်္ဂလာပွဲတစ်ခုကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ မိသားစုသုံးယောက်အတူ ကြည်နူးပြုံးပျော်နေတာကို တွေ့ရ တာ မြင်ရသူတွေအားလုံး စိတ်ချမ်းသာစရာမြင်ကွင်းလေးတစ်ခုပါပဲ။ မိဘတွေနဲ့အတူရှိတဲ့ အချိန်ဆို သားသမီးတိုင်းဟာ ကလေးလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်နေကြတာ ချည်းပါပဲ။ Beauty Blogger တစ်ဦးအဖြစ်အောင်မြင်နေတဲ့ နေခြည်ဦးဟာဆိုရင်လည်း သူမ ကျွမ်းကျင်ရာနယ်ပယ်မှာ တော့ လူကြီးတစ်ဦးလိုပြုမူနေထိုင်ပေမယ့် မိဘတွေနဲ့အတူရှိတဲ့ အခါ ကလေးတစ်ယောက်လို ပေါ့ပါးလွတ်လပ်နေတာလေးက ချစ်စရာကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။

မင်္ဂလာဆောင်ပွဲတစ်ခုကို မိသားစုသုံးယောက်စုံညီစွာ တက်ရောက်ဂုဏ်ပြုပေးခဲ့တာပဲဖြစ်ပါ တယ်။ သူမရဲ့ဖခင်က သမီးဖြစ်သူကို “ သမီးအလှည့်က ဘယ်တော့လဲ ” ဆိုပြီး စနောက်ခဲ့ တယ်ဆိုတဲ့ စာလေးနဲ့အတူ မိသားစုသုံးယောက်အတူ ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို မျှဝေထားတာပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်လိုလွတ်လပ်ပျော်ရွှင်စွာ ရယ်မောနေတဲ့ ပရိတ်သတ်အချစ်တော် Beauty Blogger မလေးဖြစ်တဲ့ နေခြည်ဦးရဲ့ပုံရိပ်လေးတွေက ကလေးတစ်ယောက်လို အပြစ်ကင်းလွန်းနေပါ တယ်။

နေခြည်ဦးက သူမရဲ့ Facebook မှာ ဖေဖေကမေးနေတယ် " သမီးအလှည့်ကဘယ်တော့ လဲ" တဲ့ ဆိုတဲ့ စာလေးနဲ့အတူသ မိသားစုပုံရိပ်တွေကို မျှဝေခဲ့တာဖြစ်ပါတယ်။ အဖေတူ သမီးလေးဖြစ်တဲ့ နေခြည်ဦးနဲ့ သူမရဲ့မိဘနှစ်ပါးနဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို Myanmarload ရဲ့ စာဖတ်ပရိတ်သတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်။ ကြည်နူး ဖွယ်မိသားစုပုံရိပ်လေးတွေကို ကြည့်ရှုပြီး ပရိတ်သတ်ကြီးလည်း စိတ် ရွှင်လန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source – Nay Chi Oo’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။