ဒီ 2017 Fashion Night ပွဲလေးကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တာပါ။ အဲ့ဒီ့ပွဲကို တရုတ်ပြည်ရဲ့ နာမည်ကျော် မင်းသား၊ မင်းသမီးတွေ တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်ခဲ့ကြတဲ့ မင်းသား တွေကတော့ Liu Haoran, Huang Zitao, Xu Weizhou, Wu Lei တို့ဖြစ်ကြပါတယ်။ မင်းသမီးတွေထဲမှာ ဆိုရင်တော့ Liu Yifei, Gulnezer Bextiyar, Tang Yan, Jing Tian နဲ့ Summer J.K. တို့ တက်ရောက်ခဲ့ကြပါတယ်။
Liu Haoran
နာမည်ကျော် တရုတ်မင်းသား Liu Haoran ကတော့ ကုတ်အကျီ အဖြူရောင်လေးနဲ့ စမတ်ကျကျ ပွဲတက််လာတာကို တွေ့ရမှာပါ။ သူဟာ အရမ်းကို လူချစ်လူခင်များပြီး ပရိသတ် အကြိုက်မင်းသား တစ်ယောက်လည်းဖြစ်ပါတယ်။
 
                        
                    Huang Zitao
မင်းသား Huang Zitao လည်းဒီပွဲမှာ တက်ရောက်ခဲ့ပါတယ်။ သူ့ကို တော့ အသားရောင် ကုတ်အကျီ အရှည်လေးနဲ့ စမတ်ကျနေတာကို တွေ့ရမှာပါ။
 
                        
                    Xu Weizhou
မင်းသား Xu Weizhou ကတော့ တမူထူးခြားတဲ့ ဒီဇိုင်းနဲ့ ပွဲတက်လာတာကို တွေ့ရမှာပါ။ သူ့ရဲ့ ကုတ်အကျီ ဒီဇိုင်းဟာ သူများနဲ့ မတူဘဲ အဖြူအနက် ရောစပ် ထားတဲ့ စတိုင်အလန်း နဲ့ ပွဲတက်လာခဲ့ပါတယ်။
 
                        
                    Liu Yifei
ပရိသတ် အချစ်တော် မင်းသမီးချောလေး လုရီဖေး (ဂူဂူး) လည်းတက်ရောက်ခဲ့ပါတယ်။ သူမ ရဲ့ ၀တ်စုံလေး က အရမ်းကို ဒီဇိုင်းလှပ ပါတယ်။ မင်းသမီးလေး ဂူဂူး နဲ့ အရမ်းကိုလိုက်ဖက်ပြီး ချစ်စရာကောင်းနေပါတယ်။ လှပတဲ့ လည်ပတ် လေးကို လည်း သူမ ဒီပွဲမှာ ၀တ်ဆင်လာခဲ့ပါတယ်။
 
                        
                    Gulnezer Bextiyar
ပန်းရောင်ဝတ်စုံလေးနဲ့ လှနေသူကတော့ တရုတ်မင်းသမီး ချောလေး Gulnezer Bextiyar ပါ။ သူမ ရဲ့ ၀တ်စုံကတော့ ယပ်တောင်ပုံစံလေး ဒီဇိုင်းဖော်ထားတာပါ။
 
                        
                    Jing Tian
တရုတ် မင်းသမီးလေး Jing Tian ကတော့ ပန်းနုရောင် ဂါ၀န်လေးနဲ့ ဒီပွဲမှာ လှပနေတာကိုတွေ့ရပါတယ်။ သူမ ရဲ့ ဂါ၀န် ဒီဇိုင်းလေးက အရမ်းကို ဆန်းလှပါတယ်။ သူမနဲ့လည်း အရမ်းလိုက်ဖက်တာကို တွေ့ရပါတယ်။
 
                        
                    သူတို့ကတော့ 2017 Fashion Night ပွဲလေးကို တက်ရောက်လာတဲ့ နာမည်ကျော် တရုတ် မင်းသား၊မင်းသမီးတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့ချစ်တဲ့ နာမည်ကျော်အနုပညာရှင်တွေရဲ့ ဖက်ရှင်အလှကို သဘောကျ ကျေနပ်ခဲ့ကြပါတယ်။
Source: China Entertainment News
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
    
 
               
               
               
					 
					 
              