ဒီဇင်ဘာ ၂ ရက်နေ့ဟာ မင်းသားချော နိုင်နိုင်းရဲ့ မွေးနေ့လေးဖြစ်ပါတယ် ။ ဒီတစ်ခေါက်မွေးနေ့မှာတော့့မင်းသားက ကလောမှာအလုပ်ကိစ္စနဲ့ရောက်နေခဲ့ပါတယ် ။
ဒါကြောင့် ကလောမှာပဲ မွေးနေ့အထိမ်းအမှတ်အလှုအတန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ် ။
နိုင်နိုင်းဟာ International standard မှီတဲ့မင်းသားတစ်လက်လို့
မြန်မာနိုင်ငံကပရိတ်သတ်တွေက အသိအမှတ်ပြုထားကြပြီး ခုချိန်ထိ လူကြိုက်အများဆုံးမင်းသားစာရင်းဝင်တစ်ယောက်ပါ ။
နိုင်နိုင်းဟာ မစန္ဒီချိုနဲ့ အိမ်ထောင်ကျခဲ့ပြီး
သားသမီး ၄ ယောက်လည်း ရှိပါတယ် ။ ကလေးတို့ဖေဖေ က ခုချိန်ထိ လူပျိုမင်းသားတွေကိုယှဉ်နိုင်ဆဲဆိုတာတော့ ဘယ်သူမှမငြင်းနိုင်ကြပါဘူး ။ နိုင်နိုင်းရဲ့ ပရိတ်သတ်တွေအတွက် သူ့မွေးနေ့အမှတ်တရ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ် ။
သတင်းအရင်းမြစ် Sandi Cho
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။