နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ထပ်ဆင့်အကယ်ဒမီကိုလည်းရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်နေတိုးရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “ တာတေကြီး ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ဟာ အိန္ဒိယဇာတ်ကားတစ်ကားကို မှီငြမ်းရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မှီငြမ်းဇာတ်ကားတစ်ကားဖြစ်ပေမယ့် မူရင်းအိန္ဒိယဇာတ်ကားကိုတော့ နေတိုးအနေနဲ့ တစ် ခါမှ မကြည့်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ ဒီဇာတ်ကားဟာ လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်က ရိုက်ကူးထားတာဖြစ်ပြီး ထွက်ရှိလာတဲ့ အချိန်မှာလည်း လက်ရှိကားတွေနဲ့မတူပဲ တမူထူး ခြားပြီး ကွဲပြားနေတဲ့အတွက် ဖန်တီးသူအားလုံးက ပီတိဖြစ်ရပါတယ်လို့ဆိုပါတယ်။

ပရိတ်သတ်လိုချင်တဲ့ရသထက် ပိုမိုကျော်လွန်ပြီးပေးနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့တာမို့ ဖန်တီး သူတွေနဲ့ အားပေးသူပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ဆိုပါတယ်။ နောက်ပိုင်းတွေမှာ ရုပ်ရှင်နဲ့ပက်သက်ပြီး နိုင်ငံတကာကိုဝင်ဆန့်နိုင်အောင် အရုပ် အသံ တွေကို ကြိုးစားမြှင့်တင် နေတယ် လို့ဆိုပါတယ်။ တာတေကြီးရဲ့ကာရိုက်တာကိုတော့ တစ်မျိုး လေးထူးခြားပြီး ကြိုးစားခဲ့ရတယ်လို့ဆိုပါ တယ်။ နောက်ထပ်ဇာတ်လမ်းတွေကိုလည်း ရိုက်ကူး ထားတာမို့ ထွက်ရှိလာရင်လည်း ပရိတ်သတ်တွေ အားပေးကြပါဦးလို့ဆိုပါတယ်။

မှီငြမ်းဇာတ်ကားတွေအများအပြားရိုက်ကူးခဲ့ပေမယ့် အဓိက ကတော့ ပရိတ်သတ်ကိုပေးချင် တဲ့ ရသတွေပေးနိုင်ဖို့ အရေးကြီးတယ်လို့ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးတဲ့အခါမှာ လည်း ဝတ္ထုရဲ့ကျောရိုးကိုပဲယူတာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေကို ဒါရိုက်တာနဲ့ သရုပ်ဆောင် တွေကပဲ ကြိုးစားစီမံခဲ့ တယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးတော့ ရုပ်ရှင်ဇာတ်ကားတွေကိုပဲ ရိုက်ကူးမှာဖြစ်ပြီး ပရိတ်သတ် မျှော်လင့်ရကြိုးနပ်တဲ့ ဇာတ်ကားကောင်းတွေဖြစ်ဖို့အတွက် ကုန်ကျစရိတ်ကိုလည်း ပိုမိုပြီးကုန်ကျခံကာ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးသွားမယ်လို့ဆို ပါတယ်။ အနုပညာလုပ်သက် နှစ်နှစ်ဆယ်အတွင်းမှာ အပြည့်အဝအားပေးခဲ့တဲ့ပရိတ်သတ်တွေအတွက် အကောင်းဆုံးဆက်လက် ကြိုးစားသွားပါမယ်လို့ Interview တစ်ခုမှာဖြေကြားခဲ့ပါတယ်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။