မြန်မာနိုင်ငံသို့Viberရောက်ရှိလာခဲ့ချိန်မှစ၍ ယခုအချိန်အထိ Viberသုံးစွဲလာသူဦးရေမှာ သန်းသုံးဆယ်ကျော်သွားပီဖြစ်သည်။ Viber အနေနဲ့လည်း Social Content တွေနဲ့ဆက်နွှယ်နေတဲ့ ဖန်တီးမှုတွေကိုဖန်တီးသွားမှာဖြစ်တယ်လို့ Viber (SEA and SA) ရဲ့ Asia Regional Head Office မှ Head Office Bussiness Development ဖြစ်သူ Anubhav Nayyar ကပြောပါတယ်

“ Social Content တွေနဲ့ဆက်နွယ်တဲ့ ဖန်တီးမှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပမာ အားဖြင့် ဖွေးဖွေးရဲ့ Viber Public Account ဖန်တီးပေးတာမျိုးလုပ်ပေးခဲ့ပီး နောက်ထပ်လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့တစ်နှစ်ခွဲထက်စာရင် Viber အသုံးပြုသူဦးရေ တိုးတက်လာခဲ့ပီး ထိုသို့တိုးတက်လာခြင်းမှာ အင်တာအသုံးပြုမှုနှင့် ဖုန်းအသုံးပြုသူဦးရေ တိုးတက်လာခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ အချစ်နဲ့ပတ်သက်တဲ့ စတစ်ကာတွေကို ကြိုက်ကြပီး လူကြီးပိုင်းအများစုကတော့ Video Callခေါ်တာကို ပိုပီးသဘောကျတယ်လို့ သိရပါတယ်။

“ Viberအသုံးပြုတဲ့အခါ အခြေခံအားဖြင့် အခမဲ့စာပို့တာ၊ အခမဲ့စာပို့တာ၊ အဖွဲ့လိုက်ချက်တင်ပြုလုပ်တာတွေကို အများဆုံးအသုံးပြုကြတာပါ။ ပြီးတော့ စတစ်ကာလေးတွေလည်း အပြန်အလှန် ပို့ ကြတာပေါ့။ ယခုအချိန်မှာတော့ စတစ်ကာပေးပို့တာတွေအပြင် လျှို့ဝှက်ချက်တင်ပြုလုပ်နိုင်တာတွေလည်းပါ၀င်လာပါပီ။ ဒီ့အပြင် GIF ဖိုင်ပေးပို့ခြင်းတွေလည်း လုပ်ဆောင်နိုင်ဦးမှာပါလို့” သူကဆက်လက်ပြောကြားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။