အဆိုတော် ယုန်လေးစီစဉ်တဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ ဇာတ်ကားက ရုံတင်ကာနီးပြီမို့ ဇာတ်ကားရဲ့ ပိုစတာတွေလဲ ထွက်ရှိလာပါပြီ ။

ပိုစတာက ယခင်ထဲက စီစဉ်ထားတဲ့ ဒီဇိုင်းမဟုတ်ဘဲ ပြန်ပြင်ဆင်ပြီးထုတ်ခဲ့တဲ့အပေါ် ပါ၀င်သရုပ်ဆောင်ကြသူများကြားမှာ

မကျေမလည်မှု အနည်းငယ် ရှိခဲ့ကြပါတယ် ။ ပထမ ပိုစတာပုံမှာ ပါ၀င်ခဲ့တဲ့ မော်ဒယ်နန်းမော်ဟာ ဒုတိယအတည်ပိုစတာ ပြန်ထုတ်တဲ့အချိန်မှာ

မပါ၀င်တော့တာကိုတွေ့ရှိခဲ့ရပြီး နန်းမော်က နာမည်မကြီးလို့ လူရာမဝင်ဘူးလား လို့ ဆိုခဲ့ကာ ဒေါသထွက်ပြီး အောက်ပါအတိုင်း ပုံနှစ်ပုံကိုယှဉ်ပြပြောဆိုခဲ့ပါတယ် ။

နန်းမော်ဟာ ဒီဇာတ်ကားကြီး ရိုက်ကူးနေစဉ်က အဆိုတော် Gfatt နဲ့ ချစ်သူတွေဖြစ်နေခဲ့ပြီး ခုချိန်မှာတော့ လမ်းခွဲလိုက်ကြပြီဖြစ်တဲ့အတွက် GFatt ပါတဲ့ ပုံမှာ နန်းမော်ကို တမင် ဖြုတ်ချခဲ့တာလို့ နန်းမော်ရဲ့ ပရိတ်သတ်တွေက ထင်ပြီး ၀ုိင်းဝန်းဝေဖန်မှုများလည်း ရှိခဲ့ကြသလို ထိုကိစ္စနဲ့ပါတ်သတ်တယ်လို့ ယူဆရတဲ့ GFatt ရဲ့ Comment တစ်ခုကိုလည်း ၀ုိင်းရှုံချခဲ့ကြပါတယ် ။  

အဲဒီ မကျေလည်မှုကို ယုန်လေးက ၀င်ရောက် တောင်းပန်ခဲ့ပြီး ပုံကို ချက်ချင်းပြန်ပြင်ပေးခဲ့တာပါ ။ 

" အစ်ကိုပဲ တောင်းပန်ပါတယ်ညီမလေးရေ။

အစ်ကို ကအားလုံးကို တာဝန်ယူထားတဲ့ သူ အကြီးဆိုတော့ အစ်ကို တောင်းပန်ပါတယ်ညီမလေး။

G Fatt နဲ့ လုံးဝမဆိုင်ပါဘူး။

အစ်ကိုလည်း ဒီကားကိုတင်ဖို့ အရမ်းTry နေရတာက

အလုပ်အရမ်းရှုပ်တယ်နားလည်

စေချင်တယ်ညီမလေး .

တစ်ခုရှိတာက

ညီမလေး ပုံမပါလို့ပြောမယ်ဆို

အစ်ကို့ ကို ဝင်ကူထားတဲ့

ရဲလေး Cobra ခင်မြဇ္ဇူခိုင် KNyi

မိုးထက် Ibeatz ထက်နိုင် သားလတ် မထူးမွန်

သူတို့ပါ Photo မထည့်ပေးလို့

အမြင်ဆောင်းမယ်ဆိုရင်

အစ်ကို ဘယ်လိုလုပ်ရမလဲ

အားလုံးထည့်ရင်လည်း

ထုံးစံ ရှေးရှေးက ကားတွေလို

Design က အသုပ်စုံလို့ဖြစ်နေမှာပေါ့။

ညီမလေး အစ်ကို့ကို နားလည်စေချင်ပါတယ်။

အစ်ကို ့ က တစ်ဇောက်ကန်းပါ။

ဒီလိုဝိုင်းပြောတော့မှ ပုံပြန်လုပ်ပေးတယ်ဆိုပြီး အပြောခံမယ့် ကောင်မဟုတ်ဘူး။

ဒါပေမဲ့ ကြိုက်တာပြောပေါ့ အစ်ကိုလည်း ညီမလေး သံယောဇဉ်ရှိတဲ့ အတွက် ပုံချက်ချင်း Design သမားကိုပြန်လုပ်ဖို့ချက်ချင်းပြောခိုင်းမယ်နော် ။

၃၀ မိနစ်လောက်စောင့် ညီမလေး ဒီ Status မှာပဲ အစ်ကို Design ရတာနဲ့ လာပို့ပေးပါမယ်။

အစ်ကို့ ကိုလည်း အစ်ကိုအရင်းလို

အရင်လို သံယောဇဉ်ရှိသေးရင်

ဝင်ကူပါ ညီမလေးရေ . တကယ်ကို အခက်ခဲများစွာပါ ရုံလေးတင်ရဖို့ကို

တော်တော် ခက်ခဲနေလို့ပါ ညီမလေးရယ်။

ကိစ္စ အားလုံး အတွက် ဘာဖြစ်ဖြစ်တောင်းပန်ပါတယ်နော် ညီမလေး .

နန်းမော်လေးရဲ့ ချစ်ခင်သူ ပရိတ်သတ်များကို လည်း ကျွန်တော်တောင်းပန်ပါတယ်။

ညီလေး G Fatt နဲ့ လုံးဝမဆိုင်ပါဘူး။

အစ်ကို့ကြောင့်ပါ။ " လို့လည်း သူက ဆိုခဲ့ပါတယ် ။ 

အဆိုတော်တွေနဲ့ လူငယ်တွေသဘာဝအကြောင်း ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ပထမဇာတ်ကားမှာထဲက လူငယ်တွေကြားအောင်မြင်မှုရရှိခဲ့ပြီး ယခုဒုတိယဇာတ်ကားကြီးအဖြစ် ထပ်မံရိုက်ကူးခဲ့ရာမှာ ရိုက်ကူးပြီးတာ ကြာပြီဖြစ်ပေမယ့် ရုံတင်ဖို့ ကြန့်ကြာမှုတွေ ရှိခဲ့ရတာပါ ။ ခုမှ ရုံတင်ခွင့်ရမယ့် ဇာတ်ကားကြီးအတွက် ယုန်လေးကတော့ အရာရာအားလုံးအဆင်ပြေအောင်ဝင်ရောက် ညှိနှိုင်းပေးနေတာကိုလည်းတွေ့ရှိရပါတယ် ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Nan Maw and Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။