အဆိုတော် မနောဟာ တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြု လက်ခံအားပေးမှုတွေကို ရရှိထားတာ ဖြစ်ပါတယ်..။

သူ့ရဲ့ အပေါက်ဆုံးတေးသီချင်းဖြစ်တဲ့ နာမည်ကြီး တဲ့ ဗိုလ်အောင်ဒင် သီချင်းကိုတော့ “ငါကဗိုလ်အောင်ဒင်” အမည်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပါတယ်..။

အဲ့ဒီ “ငါကဗိုလ်အောင်ဒင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကိုလည်း မနော ကိုယ်တိုင်ရွေးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

ရုုပ်ရှင်ရိုက်ကူးဖို့အတွက် သီချင်းသွားဝယ်စဉ် မနောက သူ့ရဲ့ သီချင်းကို ဇာတ်ကားပြန်လည် ရိုက်ကူးမှာဖြစ်တဲ့အတွက် သူကိုယ်တိုင် သရုပ်ဆောင်တွေကို ရွေးပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်..။

“ငါကဗိုလ်အောင်ဒင်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုဇော်(အာရုံဦး) က ရိုက်ကူးပုံဖော်ထားပြီး လက်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးမှ မအေးအေးဝင်းက စီစဉ်ထုတ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်..။

သရုပ်ဆောင်များကတော့ ပြေတီဦး၊ မင်းမော်ကွန်း၊ အိချောပို၊ ခင်လှိုင်၊ ဂွမ်းပ့ုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အခြား သရုပ်ဆောင်များလည်း ပါဝင်တယ်လို့ သိရပါတယ်..။

မနောရဲ့ ဗိုလ်အောင်ဒင် သီချင်းဟာ မသိသူမရှိလောက်အောင် တစ်နိုင်ငံလုံးအနှံ့ ပေါက်ခဲ့တာ ဖြစ်ပြီး ကထိန်ရာသီမှာလည်း နေရာတိုင်းလိုလိုမှာ ဖွင့်ခဲ့တဲ့ တေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်..။

“ငါကဗိုလ်အောင်ဒင်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်မပြသခင် ဇာတ်ကား နမူနာမှာတင် ပရိသတ်တွေ သဘောကျပြီး ကြည့်ရှု့သူ စံချိန်တွင် (၈)သန်းကျော်ခဲ့တာ ဖြစ်ပါတယ်..။

ဇာတ်ကားအထူးပွဲကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၃)ရက်နေ့က ရန်ကုန် သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ(၁)ရက်နေ့မှာတော့ တစ်နိုင်ငံလုံး စတင်ရုံတင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်..။

Source - Photo - Ma Naaw၊ ငါကဗိုလ်အောင်ဒင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။