ပရိသတ်မြင်တွေ့ရတဲ့အတိုင်းပန်းနုရောင်လေးတွေလွမ်းခြုံထားတဲ့မင်္ဂလာပွဲလေးမှာဆုအိမ်စံတစ်ယောက်အရမ်းကိုကြည့်ကောင်းနေတာပဲဖြစ်ပါတယ်။

ဆုအိမ်စံဟာဖေဖေမေမေတိုရဲ့မိတ်ဆွေသမီးလေးမင်္ဂလာဆောင်လေးမှာမင်္ဂလာပန်းကျဲအဖြစ်ကူညီဆောင်ရွှင်ပေးခဲ့တာပဲဖြစ်ပါတယ်။

ပန်းရောင်ဝတ်စုံလေးနဲ့မင်္ဂလာခန်းမကြီးအလယ်မှာသူမတူအောင်ချစ်ဖို့ကောင်းနေတဲ့မင်းသမီးချောလေးပဲဖြစ်ပါတယ်။ 

ဆုအိမ်ဟာအခုလိုမင်္ဂလာပွဲလေးမှာပန်းကျဲပေးတာပထမဆုံးအတွေ့အကြုံဖြစ်လို့ရင်တွေအရမ်းကိုရင်ခုန်နေပါတယ်လို့ဆိုပါတယ်။

သူမရဲ့လူမကွန်ယက်မှာလဲ"ဒီနေ့ဖေဖေနဲ့မေမေရဲ့သူငယ်ချင်းသမီးမင်္ဂလာဆောင်မှာပန်းကျဲပေးရတာပထမဦးဆုံးပဲရင်တောင်တုန်တယ်"စာလေးနဲ့အတူချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေမျှဝေခဲ့တာပဲဖြစ်ပါတယ်။သူမပါဝင်ကူညီပေးခဲ့တဲ့မင်္ဂလာသတို့သားနဲ့သတို့သမီးဗိုလ်ကြီးလွင်မင်းခန့်နှင့်မမေသူအောင်ဇနီးမောင်နှံနှစ်ပေါင်းများစွာပျော်ပျော်ရွှင်ရွှင်နဲ့အိုအောင်မင်းအောင်ပေါင်းနိုင်ပါစေချစ်စဖွယ်မင်္ဂလာဆုမွန်ကောင်းလေးတောင်းပေးလိုက်တာကိုလဲမြင်တွေ့ရပါတယ်။ 

ဒီမင်္ဂလာပွဲလေးကိုဆုဆုတစ်ယောက်သူမရဲ့တစ်ယောက်သောသူနဲ့အတူတူတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သူမတို့စုံတွဲပုံလေးတွေကြောင့်ပရိသတ်တွေအချစ်ပိုခဲ့ရတာပဲဖြစ်ပါတယ်။

သူမရဲ့ပရိသတ်တွေကလဲဆုဆုရဲ့ပွဲလေးမြင်ချင်နေကြပြီးလို့ပြောနေကြတာပဲဖြစ်ပါတယ်။ဆုဆုကတော့လက်ရှိမှာပရိသတ်တွေအတွက်အနုပညာလုပ်ငန်းတွေကြိုးစားလုပ်ကိုင်သွားပြီးသေချာတဲ့အခြေနေတစ်ခုရောက်ရင်ပရိသတ်တွေကိုအသိပေးပါမယ်လို့ဆိုပါတယ်။

လက်ရှိမှာပန်းနုရောင်ဝတ်စုံလေးနဲ့မင်္ဂလာပန်းကျဲပေးခဲ့တဲ့ဆုဆုရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ဆုအိမ်စံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။