ပရိသတ်အချစ်တော် အဆိုတော်မလေး ရတနာမိုင်ကတော့သံဃာတော်တွေကို ဒံပေါက်ဆွမ်းကပ်လှူဒါန်းပြီး ခုနှစ်ရက်သားသမီးတွေကိုလည်း စတုဒီသာ ဒံပေါက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

ဓမ္မဂုဏ်ရည်ဆရာတော်နဲ့ ကျောင်းရှိသံဃာတော်တွေအားလုံးကို ဒံပေါက်ဆွမ်းကပ်လှူဒါန်းခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်က (၇)ရက်သားသားသမီး ပရိသတ်တွေကိုလည်း ဒံပေါက်စတုဒီသာ ဝေငှလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ထို့ပြင် (၈)ပါးသီလခံယူဆောက်တည်ပြီး အာနာပါန ဝိပဿနာကျင့်စဉ်ဖြင့် အဓိဠာန်တရားစခန်းဝင်ခဲ့တယ်လို့ ဆိုပါတယ်..။

ရတနာမိုင်က သူမရဲ့ အလှူဒါနလေးနဲ့ ကောင်းမှုကုသိုလ်လေးတွေကို သူ့ရဲ့ fb စာမျက်နှာမှာ ပရိသတ်တွေကို အခု မျှဝေထားတာ တွေ့ရပါတယ်..။

“ဓမ္မဂုဏ်ရည်ဆရာတော်နှင့် ကျောင်းရှိသံဃာအားလုံးကျောင်းသားများအားလုံး ဒံပေါက်ဆွမ်း ဆပ်ကပ်လှူဒါန်းပြီး ပါတ်ဝန်းကျင်မှ ၇ ရက် များအား ဒံပေါက်ထုပ်စတုဒိသာဝေငှပါသည်..။

ပြီးလျှင် ၈ ပါးသီလခံယူဆောက်တည်ပါပြီး အာနာပါန ဝိပဿနာကျင့်စဉ် ဖြင့်အဓိဠာန်စခန်းဝင်ပါသည် ၇ ရက်သားသမီးများအမျှဝေပါတယ် နတ် လူ သာဓု ခေါ်ပါစေသော်ဝ်..” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်အချစ်တော်ဖြစ်လာတဲ့ အဆိုတော်ချောချောလေး ရတန်မိုင်ကတော့ ဂီတလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်..။

၈ီတလောကမှာလည်း အောင်မြင်သလို ပရိဟိတနဲ့ လှူဒါန်းမှုတွေမှာ ကိုင်တိုင်ပါဝင်ဆောင်ရွက်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေအတွက်လည်း ရန်ပုံငွေရှိုးပွဲတွေ သီဆိုဖျော်ဖြေပြီး လှူဒါန်းမှုများကို ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်..။

လတ်တလောမှာလည်း ရှိုးပွဲတွေသီဆိုဖျော်ဖြေနေပြီး လာမယ့် နိုဝင်ဘာလ (၂၆) ရက်နေ့မှာ မဟာချိုင် မိုဆီဝက်ထစ် ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်မယ့် ပြည်ပရောက် မြန်မာလုပ်သားများစောင့်ရှောက်ရေး ရန်ပုံငွေပွဲမှာလည်း အခြားအနုပညာရှင်များနဲ့ အတူ သွားရောက်ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်..။

Source - ရတနာမိုင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။