တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်အချစ်တော် ဖြစ်လာတဲ့ အဆိုတော် ချမ်းချမ်းနဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး ဘုဏ်းသိုက်တို့ဟာ ကွာရှင်းပြတ်စဲလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်..။
သရုပ်ဆောင်ဘုဏ်းသိုက်နဲ့ အဆိုတော်ချမ်းချမ်းတို့ဟာ နှစ်ဦးသဘောတူ ကွာရှင်းပြန်စဲလိုက်ပြီဖြစ်တဲ့အကြောင်းကို ယနေ့ ကြေးမုံသတင်းစာမှာ ကြေညာထားတာ တွေ့ရပါတယ်..။
သူတို့နှစ်ဦးဟာ တစ်ဦးနဲ့ တစ်ဦး စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ(၁၇)ရက်နေ့က ကွာရှင်းပြတ်စဲလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်..။


ယနေ့ နိုဝင်ဘာ(၂၄)ရက်နေ့မှာတော့ ကွာရှင်းပြတ်စဲပြီးကြောင်း ကြေညာကို ဒေါ်ချမ်းမြငြိမ်း(ချမ်းချမ်း)ဘက်မှ တရားဝင်ကြေညာလိုက်တာ ဖြစ်ပါတယ်..။
အဲ့ဒီကြေညာသင်းစာမှာ ဦးဘုဏ်းသိုက်နဲ့ ဒေါ်ချမ်းမြငြိမ်း(ချမ်းချမ်း)တို့ဟာ တစ်ဦးနှင့်တစ်ဦး စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် (၁၇. ၇. ၂၀၁၇) ရက်နေ့က နှစ်ဖက်မိဘတွေရဲ့ ရှေ့မှာ ကွာရှင်းပြတ်စဲတဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီးလို့ ဖော်ပြကြေညာထားတာ တွေ့ရပါတယ်..။
နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီး ဖြစ်တဲ့အတွက် ဘုန်းသိုဏ်နဲ့ ပတ်သက်သော ကိစ္စအ၀၀ဟာ ချမ်းချမ်းနဲ့ လုံးဝပတ်သက်မှု မရှိတော့ပါလို့ ဆိုပါတယ်..။


အဲ့ဒီသတင်းဟာ ဆိုရှယ်မီဒီယာပေါ်မှာ ချက်ချင်းပြန့်နှံံံ့သွားပြီး ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ကတော့ တစ်စုံတစ်ရာ ပြန်လည် ပြောထားတာ မတွေ့သေးပါဘူး..။
ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ နှဏီးဦးလုံးဟာ အနုပညာလောကမှာ ပရိသတ် အားပေးမှုတွေ ရရှိထားပြိး အသီးသီး အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်..။
ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ် ဇူလိုငင်(၁၇)ရက်နေ့က လက်ထက်ခဲ့ကြတာဖြစ်ပြီး ရန်ကုန် Saint Mary's Cathedral လက်ထက်ပွဲ ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်..။
မင်္ဂလာသက်တမ်း(၄)နှစ်နောက်ပိုင်းမှာ အခုလို ကွာရှင်းပြတ်စဲခဲ့တာ ဖြစ်ပြီး သူတို့နှစ်ဦးမှာ မြမိုးဂင်္ဂါ လို့ နာမည်ပေးထားတဲ့ သမီးလေးတစ်ယောက်လည်း ရှိပါတယ်..။
Photo - ဘုဏ်းသိုက်


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။