အလှမယ် ရွှေအိမ်စည်က အေးနေဝင်းကို သူမ ကန်တော့ခဲ့တဲ့ အကြောင်းရင်းကို ပြောပြလာခဲ့ပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အလှမယ် ရွှေအိမ်စည်ဟာ အေးနေဝင်းကို သွားရောက်ဂါရဝပြု ကန်တော့ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ အားပေးတဲ့လူ ရှိသလို ဝေဖန်မှုများစွာလည်း ရှိခဲ့ပါတယ်..။

ရွှေအိမ်စည်ကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး Miss Grand International ပြိုင်ပွဲစေလွှတ်တဲ့ ပြဿနာဖြစ်ပေါ်ခဲ့တုန်းက သူ့အတွက် ကိုယ်ကျိုးစွန့်ပြီး ကိုယ့်အတွက် အရမ်းကိုကာကွယ်ပေးခဲ့တဲ့အတွက် သွားရောက် ဂါရဝပြု ကန်တော့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်..။

“ကိုယ့်ထက် သက်ပိုင်းဆိုင်ရာမှာ အများကြီးကြီးတဲ့အတွက် သူ့လည်း ကန်တော့သင့် ကန်တော့ထိုက်တဲ့ ထဲမှာပါတယ်ဆိုပြီး ကန်တော့ခဲ့တာပါ..။

ကန်တော့သည်ဖြစ်စေ.. မကန်တော့သည်ဖြစ်စေ.. စိတ်ထဲမှာ အတိုင်းအတာတစ်ခုအထိတော့ ကိုယ့်ထက်လည်း ကြီးတယ်.. ရိုသေရမယ့်သူဆိုပြီး သတ်မှတ်ထားတာပါ..။

စိတ်ထဲမှာ တကယ်တော့ ကန်တော့ရမယ်ဆိုပြီး မရှိဘူး..။ ဒါပေမယ့်လည်း လက်ရှိဖြစ်သွားတဲ့ Miss Universe ကိစ္စနဲ့လည်း ကိုယ့်ဘက်ကို အရမ်းကို ကာကွယ်ပေးပြီး ကိုယ်ကျိုးစွန့်ပြီး လုပ်ပေးထားတဲ့အတွက် အိမ်စည်ဘက်က ကျေးဇူးတင်တယ်လို့ပဲ ထိုင်ပြောနေလို့ မရဘူးပေါ့နော်.. ဒါ ရိုသေလေးစားမှုကို ဖော်ပြလိုက်တာပါ..။

အဲ့အတွက် ဝေဖန်မှုတွေအတွက်တော့ ဘာမှ မပြောလိုပါဘူး..။ ဝေဖန်ခြင်း လက်ခံခြင်းတွေကတော့ အစ်ကိုဖြစ်နေတဲ့အတွက် အမျိုးမျိုးကတော့ လာမယ်ဆိုတာကို အိမ်စည်က လက်ခံပြီးသားပါ..။

ဒါပေမယ့် လူတိုင်းမှာ သူတို့ဘာသာ တွေးပိုင်ခွင့် ဝေဖန်နိုင်ခွင့်ရှိတယ်လို့ အိမ်စည်က မြင်တဲ့အတွက်ကြောင့် ဘာမှ မပြောလိုပါဘူး..။

အနုပညာလှုပ်ရှားမှုတွေကတော့ အခမ်းနားပွဲများ တတ်ရောက်ခြင်းနှင့် ကြော်ငြာများ ရိုက်ကူးနေပြီး ဒီနှစ်အကုန်ပိုင်းမှာ ရုပ်ရှင်ကားလေးတွေ ရိုက်ဖို့ ရှိပါတယ်..။ ဒါပေမယ့် ကာရိုက်တာပိုင်းလေးတွေကို ဆွေးနွေးနေပါတယ်..။

အိမ်စည်အနေနဲ့ ဘယ်လို ကာရိုက်တာနဲ့ လိုက်ဖက်မလဲဆိုတာကို ဒါရိုက်တာတွေနဲ့ ဆွေးနွေးနေတဲ့ အတွက်ကြောင့် အသေချာကြီးတော့ မပြောချင်သေးပါဘူး..။

ရုပ်ရှင်ရိုက်မယ်ဆိုတာ သေချာသွားရင်တော့ ကာရိုက်တာနဲ့တကွ အိမ်စည်ဘယ်လို သရုပ်ဖော်မလဲဆိုတာကို ပရိသတ်တွေသိအောင်ပြောပြသွားမှာပါ..။

Source - Myanmar Celebrity


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။