လက်တွေ့ ဘဝမှာ Tom Boy သူငယ်ချင်းတွေလည်းရှိပြီး မိန်းကလေးလို နေရတာထက် စာရင် Tom Boy လိုနေရတာကို ပိုပြီးသဘောကျတယ်လို့ Tom Boy and Me ဇာတ်လမ်းရိုက်ကွင်းမှာ ပတ်ထရစ်ရှာက ပြောလိုက်ပါတယ်။

“ဒီနေ့ သရုပ်ဆောင်တာကတော့ Tom Boy ဇာတ်ရုပ်ပေါ့နော်၊ ကိုယ်ကလည်း အပြင်မှာ Tom Boy သူငယ်ချင်းတွေကလည်းရှိတယ်၊ သူတို့လို ပုံစံ မျိုးလေးကို သရုပ်ဆောင်ချင်ခဲ့တာ ကြာပြီ၊ အခုမှ ပထမဦးဆုံး သရုပ်ဆောင်ရတာပေါ့၊ အရမ်းသဘောကျတယ်၊ Tom Boy လိုနေရတာ လွပ်လပ်တယ်၊ ကိုယ်ကလည်း ပွဲတွေဘာတွေ တက်မှသာ မိတ်ကပ် လိမ်း ပြင်ဆင်ပြီးနေတာ၊ ဒီတိုင်းအပြင်မှာ နေရင် ပေါ့ပေါ့ပါးပါး ယောက်ကျာ်းလေးလိုပဲ နေရတာ ကြိုက်တော့ Tom Boy ဇာတ်ရုပ်လေး ရိုက်ရတာ တကယ် ကြိုက်နှစ်သက်တဲ့ ဇာတ်ရုပ်ကလေးပေါ့” ဟု သရုပ်ဆောင် ပက်ထရစ်ရှာ မှ ပြောခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)၊ ဇေရဲထက်၊ ပတ်ထရစ်ရှာ တို့မှ ပါဝင်သရုပ်ဆောင်ထားပြီး ပတ်ထရစ်ရှာ မှာ Tom Boy ဇာတ်ရုပ်အဖြစ် လည်းကောင်း၊ ဇေရဲထက် မှာ ယောက်ကျာ်းလေး၊ မိန်းကလေး ဇာတ်ရုပ် နှစ်ကိုယ်ခွဲ အဖြစ် သရုပ်ဆောင်ထားကြောင်း သိရပါတယ်။

Source - Myanmar Celebrities
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။