အလှမယ်လေး အမရာငြိမ်း ကတော့ ငပလီကမ်းခြေကို ရောက်ရှိနေပါတယ်..။ ကမ်းခြေမှာ ရေကစားနေတဲ့ သူမဟာ ချစ်စရာကောင်းနေပါတယ်..။ ငပလီရောက်နေတဲ့ အမရာငြိမ်းရဲ့ အလှဓာတ်ပုံတွေကို ပရိသတ်ကြီးများအတွက် တင်ပြပေးလိုက်ပါတယ်။ အမရာငြိမ်းဟာ Miss Myanmar International 2015 ရဲ့ သရဖူကို ရရှိပိုင်ဆိုင်ထားတဲ့ Miss တစ်ယောက် ဖြစ်ပါတယ်..။
လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း သူမက Miss တစ်ယောက်ဖြစ်ချင်တဲ့ ညီမလေးတွေအတွက်လည်း သူမရဲ့ Fb စာမျက်နှာမှာ တစ်ဆင့် အကြံပြုစကားလေးတွေ ပြောပေးထားပါသေးတယ်..။ ချစ်စရာကောင်းတဲ့သူမဟ လူချစ်လူခင်ပေါများသူတစ်ယောက်လည်း ဖြစ်ပါတယ်..။ သူမဟာ တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်သူတစ်ယောက် ဖြစ်ပါတယ်..။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း သူမရဲ့ fb စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို ပြန်လည် မျှဝေတတ်သူလည်း ဖြစ်ပါတယ်..။
ချစ်စရာကောင်းတဲ့ သူမဟာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်..။ အခုဆိုရင် သူမဟာ ကြော်ငြာဗီဒီယိုများလည်း ရိုက်ကူးနေပြီး ဓာတ်ပုံကြော်ငြာများလည်း ရိုက်ကူးနေပြီဖြစ်ပါတယ်..။ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ အခမ်းအနားပွဲများ တတ်ရောက်ခြင်းနှင့် ကြော်ငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။ ချစ်စရာကောင်းတဲ့ အမရာငြိမ်းလေးကိုလည်း အားပေးပါဦးနော်..
Source - Aye Nyein Swe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။