အနုပညာလောကရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော် မင်းသမီးတစ်လက်လည်း ဖြစ်တဲ့ ရွှေမှုန်ရတီကတော့ အနီရောင်လေးနဲ့ သိပ်ကိုလှနေပါတယ် ပရိသတ်ကြီးရေ။

ရွှေမှုန်ရတီကတော့ ဒီဇိုင်နာကောင်းမြတ်ရဲ့ 2017 Chaik Collection ထဲက မဟူရာရောင်လေးနဲ့ သိပ်ကို လှပတောက်ရွှန်းနေပါတယ်။

တလောကမှ သူမရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြပါတယ်။ လက်ရှိမှာတော့ ချစ်သူနဲ့ ပြန်လည်အဆင်ပြေသွားပြီဖြစ်ပြီး သူမအနေနဲ့ လူတိုင်းအမှားမကင်းတဲ့အတွက် ခွင့်လွှတ်နိုင်တယ်လို့ ဆိုပါတယ် ပရိသတ်ကြီးရေ။ တလောက ရုပ်ရှင်သက်ကြီးပူဇော်ပွဲများလည်း သူမရဲ့ ဆရာသမားတွေဖြစ်ကြတဲ့ အနုပညာပျိုးခင်းက ဆရာတွေကို ကန်တော့ခဲ့ပါသေးတယ်။

လတ်တလောမှာတော့ သူမအနေနဲ့ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ကိုင်နေတာတွေ့ရပါတယ်။ယခုနှစ် အကယ်ဒမီ တစ်ကြိုစာရင်းတွေထဲမှာလည်း သူမပါဝင်လို့နေပြီး သူမရဲ့ဇာတ်ကားတွေကတော့ "ဝိညာည်ကကြိုး" နဲ့ "ချိုမြိန်သောလက်စားချေခြင်း" စတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ ကဲ ပရိသတ်ကြီးအတွက် မဟူရာ အရောင်လေးနဲ့လှနေတဲ့ ရွှေမှုန်ရဲ့ ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

Source: Designer Kaung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။