ကျွန်တော်တို့ခုလိုပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုမရခင် ကြိုးစားနေဆဲကာလက အခက်ခဲတွေအများကြီးရှိခဲ့ပါတယ်။၆နှစ်လောက် အခက်ခဲပေါင်းများစွာနဲ့ ကြိုးစားခဲ့ရတာဖြစ်ပြီး စိတ်ဓာတ်ကျစရာတွေလဲအများကြီးကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။ ရှိတဲ့မုန့်ဖိုးလေးတွေစုပြီး သီချင်းလေးတွေသွင်းပြီးကြိုးစားခဲ့ရတာပါ။တစ်ခါတစ်လေ  Studio သွားဖို့ Bus ကားခမရှိလို့ လှည်းတန်းကနေအင်းစိန်မှာရှိတဲ့ Studioအထိလမ်းလျောက်သွားရခဲ့ဖူးတဲ့အထိအခက်ခဲတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်လို့ဆိုပါတယ်။

အခက်ခဲတွေအမျိုးမျိုးကြားကနေ

၆နှစ်တာကြိုးစားစုဆောင်းထားတဲ့သီချင်းလေးတွေကို အခွေလေးလုပ်ပြီး ကျွန်တော်တို့ ငယ်ငယ်ထဲကလေးစားရတဲ့ IC အဖွဲ့ဝင်ပရိသတ်ချစ်အဆိုအတော် ကိုလေးဖြူစီပို့ခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက ကိုလေးဖြူကပရိုကျူဆာအနေနဲ့လုပ်ကိုင်နေတာမလို့သူ့ရဲ့အကူညီနဲ့ကျွန်တော်တို့အခွေလေးကိုပရိသတ်တွေလက်ထဲအရောက်ပို့နိုင်အောင်

ကြိုးစားခဲ့တာပါ။ကိုလေးဖြူစီအခွေလေးပို့ပြီးတစ်ပတ်လောက်အကြာမှာ ကျနော်တို့အခွေလေးကိုထုတ်ပေးမယ်လို့အကြောင်းပြန်တော့ကျွန်တော်အတိုင်းမသိပျော်ရွှင်ခဲ့ရပြီးအနုပညာကြေးပါပေးတဲ့အတွက် ကိုလေးဖြူကိုဒီနေ့ထိကျေးဇူးတင်နေပါတယ်လို့ဆိုပါတယ်။

မှတ်မှတ်ရရအမှတ်တရတစ်ခုအနေနဲ့ အဲ့ဒီအချိန်ကကျွန်တော်တို့Band ကိုပရိသတ်တွေသိပ်မသိသေးပါဘူး။Show ပွဲတစ်ပွဲမှာ ကျွန်တော်တို့အသိတစ်ယောက်က အဲ့ဒီပွဲမှာမင်းတို့Bandဆိုရမယ်ဆိုပြီးပြောတော့ကျွန်တော်တို့လဲသွားတာပေါ့။ ဟိုရောက်တော့ကျွန်တော်တို့Band မပါတာကိုသိလိုက်ရတယ်။အဲ့ဒါနဲ့ စတိတ်စင်အရှေ့ကခုံလေးတွေလွတ်နေတော့ကျနော်တို့ တခြားBandတွေ ဖျော်ဖြေနေတာကိုအဲ့ဒီလွတ်နေတဲ့ခုံလေးတွေမှာသွားထိုင်ကြည့်မိတာပေါ့။ အဲ့ဒီပွဲကတာဝန်ရှိတဲ့သူတွေကမင်းတို့ဘယ်ကကောင်တွေလဲဒီခုံတွေမှာထိုင်လို့မရဘူးဆိုုပြီးမောင်းထုတ်ခံရဲ့တဲ့အထိအမှတ်တရတွေရှိခဲ့ပါတယ်။အဲ့ပွဲကပြန်လာတော့ ကျွန်တော်တွေစိတ်မကောင်းဖြစ်ပြီးငိုခဲ့ကြရတာပေါ့ဗျာဆိုပြီးသူကြုံခဲ့ရတဲ့အခက်ခဲတွေအမှတ်တွေကိုပြောပြပါတယ်။ 

ယခုလက်တလောမှာတော့ လူငယ်ပရိသတ်အားပေးမှု အခိုင်အမာရရှိနေပြီဖြစ်တဲ့ Idiots Band နဲ့Reason Band ၂ခုပူးပေါင်းပြီး Idots 2 Be Reason ဆိုတဲ့ Minni Album လေးကို ယခု လ အောက်တိုဘာ အတွင်း ပရိသတ်တွေလက်ထဲ ရောက်ရှိတော့မှာပဲဖြစ်ပါတယ်။၎င်းMini Album လေးမှာ သီချင်းအပုဒ်ရေ ၇ပုဒ်ပါဝင်မှာဖြစ်ပြီး အကောင်းဆုံးကြိုးစားထားတဲ့သီချင်းလေးတွေဖြစ်တာကြောင့် Idiots နဲ့ Reason ၂ Band ရဲ့အကောင်းဆုံးတင်ဆက်မှုတွေကိုမြင်တွေခံစားရမှာဖြစ်ပါတယ်။ သီချင်းအပုဒ်ရေ ၇ပုဒ် ဆိုပေမယ့် ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျစေမယ့်သီချင်းကောင်းလေးတွေကိုကြိုးစားရွေးချယ် ထားတဲ့အတွက် ပရိသတ်တွေအားပေးရကြိုးနပ်မယ့် Album လေးတစ်ခုလဲဖြစ်တယ်လို့သိရပါတယ်။

ကျွန်တော်ကိုအားပေးတဲ့ ပရိသတ်ကြီးအများကြီးကျေးဇူးတင်ပါတယ်ဆက်လက်အားပေးကြပါ အကောင်းဆုံးကြိုးစားနေပါတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - ရေမွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။