အနုပညာဗီဇအပြည့်ပါတဲ့ ဒိတ်ဒိတ်ကျဲမင်းသမီးချော အိန္ဒြာကျော်ဇင် ကတော့ အနုပညာအသိုင်းဝိုင်းကြီးသူဖြစ်ပါတယ်။
အူဝဲရဲ့ တူမလေး မော်ဒယ်သရုပ်ဆောင် မေတိုးခိုင် ကို သူမရဲ့ အနုပညာအမွေဆက်ခံမယ့် ကိုယ်ပွားလေးလို့ တင်စားနေကြပါတယ်။
အဒေါ် နဲ့ တူမ တော်စပ်ကြတဲ့ အူဝဲ နဲ့မေတိုးခိုင်ဟာ အနုပညာလှုပ်ရှားမှုတွေ ရံဖန်ရံခါ အတူတူလုပ်လေ့ရှိပြီး ခုတစ်ခေါက်မှာလည်း စိန်နန်းတော်ကြော်ငြာအတွက် ဓာတ်ပုံအတူတူရိုက်ကူးပေးခဲ့တယ်လို့ သိရပါတယ်။
နှစ်ယောက်ယှဉ်လိုက်တာ အမွှာညီအစ်မတွေလို့တောင်ထင်ရတဲ့ အူဝဲ နုပျိုလိုက်ပုံကတော့ သူမတို့ကိုတူဝရီးတွေလို့တောင် ဘယ်သူမှထင်မိကြမှာမဟုတ်ပါဘူး။
မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်နေသေးတဲ့ အူဝဲ ဟာ ကလေးနှစ်ယောက်မေမေဖြစ််ပေမယ့် ဖက်ရှင်ပိုင်းမှာတော့ အပြစ်ပြောစရာမရှိအောင် နုပျိုလန်းဆန်းပြီး စမတ်ကျကျ ၀တ်စားတတ်သူဖြစ်ပါတယ်။
မေတိုးခိုင်ကိုတော့ အူဝဲရဲ့ တူမလေးဖြစ်လို့ ချစ်သူခင်သူအားပေးသူတွေများနေသလို သူမရဲ့ ရိုးရှင်းပြီးချစ်စဖွယ်မျက်နှာသွင်ပြင်လေးကြောင့်လည်း လူမှုကွန်ရက်မှာ ပရိသတ်စိတ်ဝင်စားမှုရရှိနေသူဖြစ်ပါတယ်။
Look မဂ္ဂဇင်းကာဗာအတွက် စိန်နန်းတော်ကြော်ငြာရိုုက်ကူးထားတဲ့ပုံလေးတွေမှာ အူဝဲတို့တူဝရီး အလှကိုယ်စီနဲ့ လှနေကြသလို အမွှာညီအစ်မတွေလို့တောင်မှားချင်စရာပါပဲ။
Source :SeinNandaw fb page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။