ကမ္ဘာပေါ်မှာ အနက်ရှိုင်းဆုံးချစ်ခြင်းမေတ္တာကိုပေးစွမ်းနိုင်တဲ့ လူသားတွေကိုလက်ညိုးထိုးပြပါဆိုလျှင် မိခင်ဆိုတဲ့လူစွမ်းကောင်းတွေပဲဧကန်စင်စစ်ဖြစ်ပါတယ်။သားသမီးတွေရဲ့လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းရင်း မိမိနေမကောင်းဖြစ်ချင်ဖြစ်ပါစေ ကိုယ့်သားသမီးလေးတွေကျန်းမာတာပဲမြင်ချင်တာ မိခင်တိုင်းရဲ့ဆန္ဒပါ။ပရိသတ်တွေချစ်တဲ့သရုပ်ဆောင်သက်မွန်မြင့် ဟာလဲ အနုပညာလုပ်ငန်းတွေမှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုလျော့မသွားအောင်ကြိုးစားလျက်ရှိပြီး မိခင်တစ်ယောက်အနေနဲ့လဲ သူမရဲ့ရင်သွေး၂ယောက်အပေါ်ချစ်ခြင်းမေတ္တာအပြည့်နဲ့ပြုစုပျိုးထောင်နေတဲ့မိခင်တစ်ယောက်လဲဖြစ်ပါတယ်။

သရုပ်ဆောင်သက်မွန်မြင့်ဟာလက်ရှိမှာချစ်စရာအလွန်းကောင်းတဲ့ရင်သွေးငယ်၂ယောက်ကိုပိုင်ဆိုင်ထားတဲ့မိခင်တစ်ယောက်ဖြစ်ပြီး ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကိုဘဝကိုဖြတ်သန်းနေတဲ့သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။

ယခုရာသီက အဖျားအားပေးတဲ့မိုးရာသီလဲဖြစ်တာကြောင့် ကလေးငယ်လေး၂ယောက်ကို ပိုမိုဂရုစိုက်နေရပါတယ်လို့ဆိုပါတယ်။

လက်တစ်လောမှာတော့ ချောင်းသာမှာဇာတ်ကားရိုက်ကူးမှုလေးလုပ်ခဲ့တယ်လို့သိရပါတယ်။ ချောင်းသာမှာထဲက လည်ချောင်းနာနေပြီးကားလဲရိုက်ပြီးရော ချောင်းဆိုးလည်ချောင်းနာပြီး ဖျားချင်သလိုဖြစ်နေပေမယ့်လဲ သူမရဲ့ချစ်စရာကလေးငယ်လေးတွေကိုစောင့်ရှောက်နေရတာနဲ့မဖျားအားပါဘူးလို့ဆိုပါတယ်။ သူမ ဖျားရင် ကလေးတွေအဖျားကူးမှာဆိုးပြီး ကလေးတွေအနားမကပ်ရမှာလဲစိတ်ပူပြီး မကျန်းမာတာထက်စာရင် ဒီလိုချစ်ရတဲ့သားသမီးလေး၂ယောက်နဲ့ပြုံးပျော်နေရတာကပိုစိတ်ချမ်းသာပါတယ်လို့သူမရဲ့လူမှုကွန်ယက် မှာရေးသားထားတာတွေ့ရပါတယ်။

သူမကိုချစ်တဲ့ပရိသတ်ကြီးလဲ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့လဲဆုတောင်းပေးထားတာကိုလဲ့ကြည်နူးဖွယ်တွေ့မြင်ရပါတယ်။ 

သတင်းအရင်းအမြစ် - Thet Mon Myint Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။