လတ်တလောမှာ ဖြစ်ခဲ့ကြတဲ့ သူနာမည်ရွှေရုပ် ဇာတ်ကားရိုက်ကွင်းကပြသာနာကြောင့်

ထုတ်လုပ်သူ မိုးဟေကို ကို မင်းသမီး သင်ဇာဝင့်ကျော်က ရိုက်ကူးရေးကိုရပ်နားတဲ့အတွက်ကြောင့် လျော်ကြေး သုံးဆပေးရမယ်ဆိုတဲ့ အကြောင်း

သင်ဇာဝင့်ကျော်ကတဆင့် လူမှုကွန်ယက်ပေါ်ကို ပျံနှံသွားခဲ့ပါတယ် ။ 

နှစ်ဖက်ပရိတ်သတ်အချင်းချင်း ငြင်းခုန်မှုများလည်း ဖြစ်ခဲ့ရပါတယ် ။

ထိုကိစ္စနဲ့ပါတ်သတ်ပြီး မိုးဟေကို နဲ့ သင်ဇာဝင့်ကျော်တို့နှစ်ဦးစလုံးက ကျော်ကြားတဲ့မင်းသမီးတွေဖြစ်နေတဲ့အတွက် ပရိတ်သတ်တွေ

စိတ်ဝင်တစားစောင့်ကြည့်ကြရတဲ့ ပြသာနာတစ်ခုပါ ။

အောက်တိုဘာ ၂ ရက်နေ့မှာတော့ ထိုကိစ္စကို ဖြေရှင်းဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို မိုးဟေကိုက ဦးတိုက်လျှောက်ထားပြီး သင်ဇာဝင့်ကျော်နဲ့

မျက်နှာချင်းဆိုင်ဆွေးနွေးခဲ့ကြရာမှာ နောက်ဆုံး အဆင်ပြေသွားပြီလို့ သိရှိရပါတယ် ။

အဆိုပါရုပ်ရှင်ကို လည်း သင်ဇာဝင့်ကျော်နဲ့ပဲ ပြန်လည် ရိုက်ကူးဖြစ်မယ် လို့ဆိုပါတယ် ။

သူတို့နှစ်ယောက်စလုံးကိုချစ်တဲ့ ပရိတ်သတ်တွေအတွက်တော့ မင်္ဂလာ သတင်းပါပဲနော် ...

သတင်းအရင်းမြစ် Photo Kumudra and facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။