ရွှေအိမ်စည်အတွက်ပွဲကြမ်းတဲ့အေးနေဝင်း

ရွှေအိမ်စည်ကိုCrownပြန်သိမ်းခဲ့တာနဲ့ပတ်သက်ပြီး

အေးနေဝင်းပေါက်ကွဲနေခဲ့ပါတယ်။ရွှေအိမ်စည်ကို

Crownပြန်သိမ်းဖို့ဆုံးဖြတ်ခဲ့ရာမှာအဓိကတာဝန်

ရှိသူတွေဖြစ်တဲ့Miss Universe Myanmar Organization ရဲ့နေရှင်နယ်ဒါရိုက်တာဒေါ်စိုးယုဝေကို

အေးနေဝင်းဒေါသတကြီးပြောဆိုနေတဲဲ့့ဗီဒီယိုFileတစ်ခုလူမှုကွန်ယက်ပေါ်မှာပျံနှံ့လာခဲ့ပါတယ်။

အေးနေဝင်းကတော့တော်တော်ဒေါသထွက်နေခဲ့ပုံပါပဲ။

အဲ့ဒီဗီဒီယိုမှာအေးနေဝင်းကဒေါ်စိုးယုဝေကိုရွှေအိမ်စည်

အနေနဲ့ဘာမှအမှားအယွင်းမရှိကြောင်းပြောဆိုခဲ့ပြီး၊

ဒေါ်စောယုဝေတို့ဘက်ကလဲရွှေအိမ်စည်ကိုပြန်လည်

ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာကိုတွေ့မြင်ရပါတယ်။

ရွှေအိမ်စည်ဟာဗီယက်နမ်နိုင်ငံမှာပြုလုပ်မယ့်Miss Grand

International ပြိုင်ပွဲအတွက်နှစ်ရှည်လများ

ပြင်ဆင်လာခဲ့ပြီးပြိုင်ပွဲနားနီးမှကပ်ဖြုတ်ခံခဲ့ရတာပါ။

Miss Universe Myanmar Organization ဟာ

ရွှေအိမ်စည်ကိုထုတ်ပြန်ရခြင်းအကြောင်းကို

တရားဝင်စာထုတ်ပြန်ခဲ့ပေမယ့်ရွှေအိမ်စည်ရဲ့အသိုင်း

အဝိုင်းကလက်ခံခဲ့ခြင်းမရှိပါဘူး။

ရွှေအိမ်စည်ရဲ့နေရာမှာတော့Miss Universe Myanmar 2013 First Runner Up အေးချမ်းမိုးကိုအစားထိုးယှဉ်ပြိုင်စေခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်အပေါ်မှာလည်းရွှေအိမ်စည်ရဲ့ပရိသတ်တွေ

လိပ်ခဲတည်းလည်းဖြစ်နေကြပါတယ်။ရွှေအိမ်စည်အနေနဲ့

ဒီအချိန်မှာဝမ်းနည်းနေမှာတော့အမှန်ပါပဲ။

သူ့ကိုအားပေးလိုက်ကြပါဦးပရိသတ်ကြီးရေ..

Source-Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။