Crownပြန်သိမ်းခံရတဲ့ရွှေအိမ်စည်


2016ခုနှစ်အောက်တိုဘာမှာMiss Universe Myanmar2017ရွေးချယ်ပွဲကြီးကိုကြီးကျယ်ခမ်းနားစွာ

ကျင်းပခဲ့ပါတယ်။အဆိုပါပွဲမှာရွှေအိမ်စည်ဟာFirst Runner

Up ဆုရရှိခဲ့ပြီးမြန်မာနိုင်ငံကိုယ်စားပြုအဖြစ်

Miss Grand International 2017ပြိုင်ပွဲကိုစေလွတ်ဖို့

လျာထားခံခဲ့ရပါတယ်။မြန်မာပြည်ကိုယ်စားပြု

Miss Grand International ရွှေအိမ်စည်ပေါ့။



Miss Grand International ပြိုင်ပွဲကျင်းပဖို့

ရက်သိပ်မလိုတော့တဲ့အချိန်မှာပဲရွှေအိမ်စည်ရဲ့

သရဖူကိုပြန်အသိမ်းခံရပါတယ်။Miss Universe

Myanmar Organization အနေနဲ့ရွှေအိမ်စည်အနေနဲ့

နိုင်ငံကိုယ်စားပြုအလှမယ်တစ်ဦးအနေနဲ့လိုအပ်ချက်တွေ

ရှိနေသေးလို့ဆိုပြီးတရားဝင်စာထုတ်ကာရွှေအိမ်စည်ရဲ့

သရဖူကိုပြန်လည်သိမ်းဆည်းခဲ့တာပါ။ရွှေအိမ်စည်ကတော့

သူ့ဖက်ကဘာအမှားအယွင်းမှလုပ်မထားဘူးလို့ပြောပါတယ်။

ရွှေအိမ်စည်သရဖူအသိမ်းခံရတဲ့အတွက်သူမရဲ့

ပရိသတ်တွေကတော့အတော်ကိုမခံမရပ်နိုင်ဖြစ်နေကြပါတယ်။သူမဟာပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကိုရယူထားနိုင်သူ

ဖြစ်လို့Miss Universe Myanmar Organization အနေနဲ့အိမ်စည်ကိုဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာ

ဒီထက်ပိုပြီးတိတိကျကျသတင်းထုတ်ပြန်ဖို့လိုပါတယ်။

ပရိသတ်တစ်ချို့ကတော့ရွှေအိမ်စည်ဒီလိုအထုတ်ခံရတာဟာ

ဘင်္ဂါလီအကြမ်းဖက်သမားတွေအကြောင်းနိုင်ငံတကာကို

သိအောင်ပြမယ်ဆိုပြီးတင်ခဲ့တဲ့သူမရဲ့Video Fileကြောင့်

လို့ပြောနေကြပါတယ်။တကယ့်အမှန်တရားကဘာလဲဆိုတာတော့...

Soutce-Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။