ကိုရီးယားကားထဲကလို စားကောင်းတဲ့ကင်ချီလုပ်စားကြမလား..လွယ်ကူလို့ အိမ်မှာကိုယ်တိုင်လုပ်စားလို့ရတဲ့ နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်

မုန်ညှင်းဖြူကင်မ်ချီ(Kimchi)

မုန်ညှင်းထုပ်....၃ထုပ်

မုန်လာဥနီ....၁.ဥ

မုန်လာဥဖြူ...၁..ဥ

သကြား..ထမင်းစားဇွန်း...၃ဇွန်း

ကောက်ညှင်းမှူန့်......ထမင်းစားဇွန်း...၆ဇွန်း

ငါးငံပြာရည်.. .အကြမ်းပုဂံလုံးတစ်လုံးစာ

ပုဇွန်ဆိတ်ခြောက်(သို့)အစို....၅သားခန့်

နှမ်းဖြူ....အနည်းငယ်

ငရုပ်သီး..အစိမ်းမှူန့်.. .ထမင်းစားဇွန်း..၄ဇွန်း

ကြက်သွန်ဖြူ...၅ကျပ်သား

ဂျင်း......၃.ကျပ်သားခန့်

ကြက်သွန်မိတ်...၁၀.ပင်ခန့်

မုန်ညှင်းထုပ်ကို.၂ခြမ်းခွဲပြီးဆေးကြောသန့်စင်ပြီး.ဆားခပ်များများနဲ့ဆုပ်နယ်ပေးပြီးနာရီဝက်ခန့်..ထားထားပါ..ပြီးရင်ရေများညှစ်ထုတ်ပြီးဆေးကြောထားပါ.ဆားရည်စိမ်ပြီးတဲ့နောက်မုန်ညှင်းရွက်ကနွမ်းသွားပါလိမ့်မယ်ရှင့်

ကြက်သွန်ဖြူနဲ့.ဂျင်းကိုညှက်အောင်ထောင်းထားပါ...ကောက်ညှင်းမှူန့်

နဲ့သကြားကို

ကိုရေနွေးနဲ့ခပ်ပျစ်ပျစ်လေးကျိုထားပါ...(သို့)ထမင်းရည်လဲအသုံးပြုလို့ရပါတယ်...ပုဇွန်ဆိတ်(..သို့)ပြည်ကြီးငါးအစိမ်းကိုဆေးကြောသန့်စင်ပြီး..အတုံးခပ်သေးသေးလှီး

ီဖြတ်ထားပါ....နှမ်းဖြူလှော်ပြီးသား

အနည်းငယ်..မုန်လာဖြူကိုခြစ်နဲ့ခြစ်ထားပါ.

ဥနီကိုခပ်ပါးပါးလေးတွေလှီးဖြတ်ထည့်နိုင်ပါတယ်..ကြက်သွန်မိတ်ကို.လက်၂ဆစ်ခန့်ဖြတ်ထားပါ...ပါဝင်ပစ္စည်းများ အားလုံရောမွှေပြီး..မုန်ညှင်းထုပ်ရဲ့အရွက်တွေရဲ့တရွက်ခြင်းဆီရဲ့ကြားထဲကိုအစာများတထပ်ပြီးတထပ်ထည့်ပါ..အားလုံးထည့်ပြီးရင်တော့လေလုံဗူးနဲ့၂ရက်မှ၃ရက်ခန့်ထားပြီးချဉ်လာပြီးဆိုရင်တော့....စားလို့ရပါပြီးရှင့်။

ငရုပ်သီးစိမ်းမှူန့်က..ကိုးရီးယားmade..နဲ့ဆိုရင်ပိုစားကောင်းပါတယ်ရှင့်...ရှာဝယ်လို့မရပါက..မြန်မာအစိမ်းမှူန့်ကိုလဲအ

သုံးပြုနိုင်ပါတယ်။..

သခွားသီး..ကင်မ်ချီ..ပြုလုပ်နည်း

သခွားသီး...၁၀လုံး

ဥနီ....တစ်ပိုင်းခန့် ပါးပါးလှီး

ငရုပ်သီးအစိမ်းမှူန့် ...ထမင်းစားဇွန်း၂ဇွန်း

ငါးငံပြာရည်....ထမင်းစားဇွန်း ၃ဇွန်း

သကြား.............။.........။.၄ဇွန်း

ကြက်သွန်ဖြူ....၂.ဥ..ညှက်ညှက်စင်း

ရေသန့်....ခွက်ဝက်

ကြက်သွန်မိတ်..၅ပင်ခန့်လက်တစ်ခန့်ဖြတ်ထားပါ။

ကြက်သွန်နီ..ဥကြီး..တစ်ဥ..ညှက်ညှက်စင်း

နှမ်းဖြူ..အနည်းငယ်..

သခွားသီးများကို၄စိတ်.စိတ်ပြီးဆားခပ်များများနဲ့ပွတ်ဆေးပြီး..နွမ်းသွားပါက...ပါဝင်ပစ္စည်းများ အားလုံးရောမွှေပြီး.သခွားသီးထဲသိပ်ထည့်ပြီးလေလုံဗူးထဲထည့်သိမ်းပြီး..စားနိုင်ပါတယ်ရှင့်..ဒီနည်းအတိုင်း..မုန်လာဖြူဥသေးများကိုဆားရည်.နာရီဝက်ခန့်စိမ်ပြီးနွမ်းလာပါက...ကင်မ်ချီအနှစ်များနဲ့ရောနယ်ပြီး..ဗူးထဲထည့်သိမ်းကာစားနိုင်ပါတယ်ရှင့်။

Source :Food in Yangon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။