သရုပ်ဆောင်အနုပညာရှင် ၀တ်မှုန်ရွှေရည်နဲ့ ရုတ်တရက်ကြည့်လိုက်ရင်တူတယ်လို့ ထင်ရှားနေသူကတော့ ပန်းဖြူဖွေးပဲဖြစ်ပါတယ်။တစ်ခါတစ်လေ သူမဓာတ်ပုံရိုက်တဲ့ အနေအထားကြောင့် တူတယ်လို့ ထင်ရတာဖြစ်ပါတယ်။အမည်တူမရှား၊လူတူမရှား ဆိုသကဲ့သို ၀တ်မှုန်ရွှေရည်နဲ့ပန်းဖြူဖွေး ဘယ်လောက်ဆင်တူလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ပေတော့လေ…


ဝတ်မှုန်ရွှေရည်ကို ဩဂုတ်လ ၁၀ရက်နေ့၊ ၁၉၈၈ခုနှစ်မှာ ဦးဝင်းသိန်းနိုင်၊ ဒေါ်မီမီလွင်တို့ကနေ ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါတယ်။၀တ်မှုန်ရွှေရည်က မြန်မာရုပ်ရှင်မင်းသမီး ဖွေးဖွေးနဲ့ညီအစ်မ တစ်ဝမ်းကွဲတော်စပ်ပါတယ်။၂၀၀၉ခုနှစ်တွင် ဝတ်မှုန်ရွှေရည်က ကြော်ငြာတွေ ရိုက်ကူးခြင်းကနေ စတင် သရုပ်ဆောင်ခဲ့ပါတယ်။

၀တ်မှုန်ရွှေရည်ပထမဆုံး ခေါင်းဆောင်ရိုက်ကူးခဲ့တဲ့ဇာတ်ကားကတော့‘‘ဘာဘီအရုပ်ကလေး’’ဖြစ်ပြီး အောင်ရဲလင်းက ခေါင်းဆောင်မင်းသားအဖြစ်ပါ၀င်ခဲ့ပါတယ်။(၂)နှစ်ဆက် မြန်မာအကယ်ဒမီဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြင့်တဲ့အခမ်းအနားမှာ နင်စေရင်ဇာတ်ကားဖြင့်အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သလို ၂၀၁၄မှာတော့ အမျိုးသမီးဇာတ်ပို့ဆု ကို နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားနဲ့ဝတ်မှုန်ရွှေရည်က ဆုရရှိခဲ့ပါတယ်။
Aung
Source : လူမှုကွန်ရက်စာမျက်နှာ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။