အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့အတွဲကတော့ အတူသွားအတူလာ အမြဲတမ်းပျော်ရွှင်နေကြတဲ့ အတွဲတစ်တွဲပါပဲ။နှစ်ယောက်လုံးကချစ်စရာကောင်းပြီး ပရိတ်သတ် အားကျရတဲ့စုံတွဲပါ။အတူစား အတူသွားနဲ့ ရိုက်ထားတဲ့ပုံလေးတွေကလည်းချစ်စရာလေးပါ။သူတို့နှစ်ယောက်ဟာ ဒီလ ၄ ရက်နေ့မှာပဲ ချစ်သက်တမ်း ၁၁ လ ပြည့်တာဖြစ်ပြီး
အာဘွိုင်းကသူ့ရဲ့ဖေ့ဘုတ်မှာ မြတ်ရတနာကျော်ဖေ့ဘုတ်ကို တခ်လုပ်ပြီး “အခုလို ၁၁ လလုံးလုံး… Non-Stop... စက္ကန့်တိုင်း အချိန်ပြည့် ပျော်ရွှင်စရာကောင်းသော အချစ်တွေပဲပေးခဲ့တဲ့ ငါရဲ့ ချစ်မဝ ရည်းစားလေး Happy 11 Months Anniversary ပါလို့”ဆိုပြီးရေးတင်ထားခဲ့ပါသေးတယ်။
တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတယ်ဆိုတာ ဓာတ်ပုံတွေကြည့်တာနဲ့သိနိုင်ပါတယ်။အာဘွိုင်းကတော့ စီးပွားရေးလုပ်ငန်းတွေကို အောင်အောင်မြင်မြင်လုပ်ဆောင်နေသူတစ်ယောက်ပါ။မြတ်ရတနာကျော်ကတော့ အဆိုတော်လွမ်းပိုင်ရဲ့ တစ်ခါကတက္ကသိုလ်ဆိုတဲ့သီချင်းမှာ လူကြိုက်များခဲ့သူတစ်ယောက်ပါ။
သတင်းအရင်းအမြစ် - Myat yadanar Kyaw instagram
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။