(90)Borns အသက်အရွယ်တွေ အရမ်းကြိုက်ခဲ့ရတဲ့ မိန်းကလေးအဆိုတော်အဖွဲ့တွေထဲမှာ No အဖွဲ့လည်း အပါအဝင်ပါပဲ။

Admin ကိုယ်တိုင်လည်း ကျောင်းတက်တုန်းက သူတို့သီချင်းလေးတွေကို MP4 လေးတွေ VCD လေးတွေဖွင့်ပြီး ရူးသွပ်ခဲ့ရတာပါ။

တစ်ချိန်က ကျော်ကြားခဲ့တဲ့ မိန်းကလေး(၃)ယောက်အဆိုတော် (No) အဖွဲ့ ဟာ ဂီတလောကထဲက နေ မျက်ခြေပြတ်သွားခဲ့တာကြာပြီမို့ လွမ်းနေတဲ့ ပရိသတ်တွေလည်း ရှိမှာပါ။

ယနေ့စက်တင်ဘာလ(၁၆)ရက်နေ့ဟာ No အဖွဲ့က (ရည်မွန် ၊ ရတနာ ၊သဇင် ) တို့သုံးယောက်ရဲ့ ့ ဘာလိုသေးလဲ ဆိုတဲ့ စီးရီးခွေလေးတောင်ထွက်ရှိခဲ့တာ (၁၄)နှစ်ပြည့်သွားပြီလို့ ဆိုပါတယ်။

နိုင်ငံခြားမှာ ခင်ပွန်းနဲ့အတူ နေထိုင်နေတဲ့ သဇင် ၊ ပြည်တွင်းမှာပဲ နေထိုင်နေတဲ့ ရည်မွန် နဲ့ ရတနာတို့ကတော့ သူတို့ရဲ့ စီးရီးခွေလေး(၁၄)နှစ်ပြည့်အမှတ်တရနေ့လေးကို လွမ်းဆွတ်သတိရတဲ့အနေနဲ့ လူမှုကွန်ရက်ကနေ မျှဝေထားပါတယ်။

သဇင်ကတော့ မကြာသေးမီလအတွင်းကပဲ မြန်မာပြည်အလည်အပတ်ခဏရောက်ပြီး ပြည်ပကို ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။

အားလုံးထဲမှာ ရက်ပ် သီချင်းလေးတွေဆိုတတ်တဲ့ ရည်မွန်ကတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ရှိနေပါပြီ။

ပိန်ပိန်သေးသေးလေးနဲ့ချစ်စရာအကောင်းဆုံး ရတနာကလည်း ပြည်တွင်းမှာပဲ မိသားစုနဲ့အတူ ဖြတ်သန်းနေပါတယ်။

သူတို့(၃)ယောက်သာ အရင်လို သီချင်းတွေအတူဆိုပြီး အဖွဲ့လေးမခွဲထွက်ဘူးဆိုရင် ပရိသတ်ကြီး ၀မ်းသာမှာလား။

ဘယ်သီချင်းလေးကို အကြိုက်ဆုံးလဲ မှတ်မိသေးရင်ပြောခဲ့နော်။  

Source- MakeupbyThazin fb,Yadanar linn fb, Winlet yemon fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။