တကယ့်ကို သူငယ်ချင်းကောင်းပီသတဲ့သူပါပဲ ။

ဆွေမျိုးအသိိုင်းအဝိုင်းထဲကတောင်လှုနိုင်ခဲတဲ့ ကိုယ်တွင်းအဂါင်္အစိတ်အပိုင်းကို သူငယ်ချင်းအတွက် ထုတ်လှုခဲ့တဲ့ မိတ်ဆွေစစ်ကတော့ Francia Raisa လို့ခေါ်ပါတယ် ။

အသက်ရှင်ဖို့ ကျောက်ကပ်လိုအပ်နေတဲ့ ဆယ်လီနာအတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အကူအညီတစ်ခုဖြစ်မှာပါ ။

ဆယ်လီနာကတော့ နေမကောင်းလို့ ဖျော်ဖြေပွဲတွေအကုန်ရပ်နားပြီး ဆေးရုံတက်ခဲ့ရတဲ့ သတင်းတွေထွက်လာခဲ့ပြီးနောက်ပိုင်းတွေမှာ ပျောက်ချက်သားကောင်းနေခဲ့ရတဲ့ အကြောင်း ပရိတ်သတ်တွေကို instagram ကတဆင့်အောက်ပါအတိုင်းပြောကြားခဲ့ပါတယ် ။ 

" လွန်ခဲ့တဲ့ နွေရာသီတစ်တွင်းလို့ ကျွန်မပျောက်နေခဲ့တာကို ပရိတ်သတ်တွေ သတိထားမိမယ်ဆိုတာ သိပါတယ် ။ ကျွန်မ ဂုဏ်ယူရတဲ့ ကျွန်မရဲ့သီချင်းသစ်ကိုဘာလို့ Promote မလုပ်တာလဲလို့ မေးမြန်းမှုတွေလဲရှိလာပါတယ် ။ အမှန်တော့ ကျွန်မ Lupus ရောဂါကြောင့် ကျောက်ကပ်လဲလိုက်ရပြီး အနားယူဖို့လိုအပ်တာမို့ပါ ။

ဒီလတွေအတွင်းဖြတ်သန်းခဲ့ရတဲ့ ကျွန်မရဲ့ အဖြစ်တွေ မင်းတို့ကို ပြန်မျှဝေချင်ခဲ့တာပါ ။ နေမကောင်းတဲ့အချိန် အနားမှာ ဂရုစိုက်ပေးတဲ့ မိသားစု ၊ အောင်မြင်အောင် ခွဲစိတ်ပေးခဲ့တဲ့ဆရာဝန်တွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ် ။ ဘယ်လိုစကားလုံးတွေနဲ့ ကျေးဇူးတင်ရမှန်းမသိလောက်အောင်ကို ကျေးဇူးတင်မိတဲ့သူကတော့ ကျွန်မရဲ့ သူငယ်ချင်းလေး Francia Raisa ပါပဲ ။ သူမဟာ ကျွန်မကို တန်ဖိုးမဖြတ်နိုင်တဲ့ တစ်ခုထဲသော လက်ဆောင်ကိုပေးခဲ့လို့ပါ ။ ကျွန်မအတွက် သူ့ရဲ့ကျောက်ကပ်ကို ထုတ်ပေးခဲ့ပါတယ် ။

ကျွန်မ တကယ်ကို ကောင်းချီးအပေးခံခဲ့ရတာပါ ။ အရမ်းချစ်ပါတယ် " လို့ ဆယ်လီနာက ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။

ဒီလိုမိတ်ဆွေမျိုးနဲ့ ကြုံဆုံရတာ သူ့အတွက်တော့ တကယ်ကံကောင်းတယ်လို့ ဆိုရမှာပါပဲနော် ...

သတင်းအရင်းမြစ် selena gomez

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။