သရုပ်ဆောင်ဖိုးထွေးကိုအနုပညာလောကမှာ မတွေ့တော့တာကြာပြီဖြစ်ပါတယ်။ပရိတ်သတ်ကြီးလဲ သူ့ကိုသိမှာပါ။သူဟာရုပ်ရှင်လောကမှာ ဇာတ်ကားပေါင်းများစွာကို ပါ၀င်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။အရံဇာတ်ဆောင်နေရာ၊မင်းသားသူငယ်ချင်းနေရာတွေမှာ သူရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

သူဟာအနုပညာလုပ်ငန်းတွေကိုမလုပ်ကိုင်တော့ဘဲ စီးပွားရေးလုပ်ငန်းတွေကိုဘဲ ဇောက်ချလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။အနုပညာလုပ်ငန်းတွေကရပ်နားပြီးကတည်းက ဂျပန်နိုင်ငံမှာဘဲ နေလာတာဖြစ်ပါတယ်။သူဟာ အန်ကိုင်ရာရဲ့ အရှိကိုအရှိတိုင်းသာဖွင့်ပြောမည် ဆိုတဲ့သီချင်းလေးမှာ လူတော်တော်များများကိုမှတ်မိစေခဲ့ပါတယ်။

ယခုတော့ ဂျပန် မြန်မာချစ်ကြည့်ရေးအတွက်ရိုက်ကူးမယ် ဇာတိမြေဇာတ်ကားအတွက် မြန်မာ့ရုပ်ရှင်အဖွဲသားတွေက ဂျပန်ကိုရောက်ရှိနေတာဖြစ်ပြီး ဒါကိုသိတဲ့ဖိုးထွေးက သူရဲ့အနုပညာသူငယ်ချင်းတွေကို လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။သူငယ်ချင်းဖြစ်တဲ့ ညီထွဋ်ခေါင်နဲ့ ဂျပန်နိုင်ငံနေရာအနှံ့ကို လျှောက်လည်နေတာဖြစ်ပါတယ်။ညီထွဋ်ခေါင်နဲ့ ဖိုးထွေးဟာ အချစ်ဆုံးသူငယ်ချင်းတွေလဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - Nyi Htut Khaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။