တော်လှန်ရေးဇာတ်ကားတွေမှာ အမြဲလိုလိုပါဝင်လေ့ရှိပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်က ချစ်စနိုးနဲ့ အမြဲစနောက်လေ့ရှိကာ အမြဲသတိတရရှိနေကြတဲ့ အနုပညာရှင်ကြီးလို့ဆိုရရင်တော့ အားလုံးကချစ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီမင်းသားကြီး သီဟတင်စိုးပဲ ဖြစ်ပါတယ်။

ထပ်ဆင့်အကယ်ဒမီမင်းသားကြီး သီဟတင်စိုးဟာ ဖေဖော်ဝါရီ (၂၁)ရက်နေ့ က နှလုံးရောဂါဖြင့် ရုတ်တရက်အမောဖောက်ကာ ကွယ်လွန်ဆုံးပါးသွားခဲ့တာကြောင့် သူ့ရဲ့ဆုံးရှုံးမှုကို ပရိသတ်တွေကအတော်လေး နှမြောတသနဲ့ဝမ်းနည်းကြေကွဲနေကြတာဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ (၂၃)ရက်နေ့မှာတော့ ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး သီဟတင်စိုးရဲ့ နောက်ဆုံးခရီးစဉ် ကို သူ့ရဲ့မိသားစုဝင်တွေနဲ့ ပရိသတ်အချို့က လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ အဲ့သလို ဦးသီဟတင်စိုးရဲ့ နောက်ဆုံးခရီးကို မိသားစုဝင်တွေက ပို့ဆောင်ခဲ့ကြပုံ ကို ပရိသတ်တွေကြည့်ရှုနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။














"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။